နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိမဝန္တာတိုက်ပွဲတွင် ဖမ်းဆီးထားသည့် အိန္ဒိယစစ်သည် ၁၀ ဦးကို တရုတ်နိုင်ငံက ပြန်လွှတ်ပေး

ဇွန် ၁၉ နယူးဒေလီ


ဟိမဝန္တာနယ်စပ်တိုက်ပွဲတွင် ဖမ်းဆီးထားသည့် အိန္ဒိယစစ်သည် ၁၀ ဦးကို တရုတ်နိုင်ငံက ပြန်လွှတ်ပေးခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြသည်။ ပြန်လွတ်လာသူများတွင် ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်မှူးသုံးဦးပါဝင်သည်ဟု စစ်တပ်သတင်းရင်းမြစ်များကို ကိုးကားပြီး The Hindu သတင်းစာက ဖော်ပြသည်။ အိန္ဒိယအစိုးရက အဆိုပါသတင်းကို အတည်ပြုခြင်းမရှိသကဲ့သို့ အိန္ဒိယစစ်သည်များ ပျောက်ဆုံးနေသည်ဆိုသည့် သတင်းကိုလည်း အတည်ပြုခဲ့ခြင်းမရှိပေ။


ဂယ်ဝမ်တောင်ကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ သေဆုံးခဲ့ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံနှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်စေခဲ့သည်။ ဂယ်ဝမ်တောင်ကြားတိုက်ပွဲတွင် အနည်းဆုံး အိန္ဒိယစစ်သည် ၇၆ ဦး ဒဏ်ရာရခဲ့သည်။ သို့သော် တရုတ်နိုင်ငံက ယင်းတို့စစ်သည် မည်မျှသေဆုံးခဲ့သည်ဆိုခြင်းကို ထုတ်ပြောခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုများတွင် အိန္ဒိယစစ်သည်များကို လွှတ်ပေးရေးက အဓိကအချက်ဖြစ်ခဲ့ကြောင်း India Today သတင်းစာ၏ ဝါရင့်အယ်ဒီတာ ရှစ်အေရိုအာက ပြောသည်။

 (KNT)






အခြားဆက်စပ်သတင်းများ