နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်

ရန်ကုန်   ဇွန်   ၁၉


ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် မြစ်ကမ်းနံဘေးဒေသများ၌ တာတမံများကြံ့ခိုင် မှုအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မိုးရာသီကာလမြစ်ကမ်းဘေးတွင် ကျေးရွာများရှိ ကျေးလက်ပြည်သူများ ရေဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများနှင့် သတိပြုရမည့်အချက်များကို သရုပ်ပြ ရှင်းလင်းမှုများဆောင်ရွက်လျက်ရှိသည်။


ရာသီပြောင်းလဲမှုနှင့်နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များသည် ထိန်းချုပ်၍မရကြောင်း အချိန်  မရွေးနေရာဒေသမရွေးဖြစ်ပေါ်နိုင်ပေသည်။ သက်ဆိုင်ရာဌာနများမှကြီးကြပ်၍ မြစ်ကမ်းနားနှင့်တာတမံ များအနီးတွင်နေထိုင်သောပြည်သူများ ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် သရုပ်ပြခြင်းကိုဆောင်ရွက် လျက်ရှိရာ ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် တာထိပ်ပေါ်ရေကျော်ခြင်း၊ ရေပေါက်(ထူးပေါက်) ပေါက်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်း၊ လှိုင်းပုတ်ခြင်းများ ကာကွယ်ရေးသရုပ်ပြသခြင်းကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းလေ့ကျင့်သရုပ်ပြသဆောင်ရွက်ကြသည်။ 


ရေယိုရေကာတာရေယိုစိမ့်ပေါက်အား ရေခွေကတုတ်ရိုက်ထိန်းသိမ်းနည်း၊ တာအိတာလျှောပြင်ဆင် ထိန်းသိမ်းနည်း၊ တာအိတာလျှောပြင်ဆင်ထိန်းသိမ်းနည်း၊ မြစ်ရေကြီးမြင့်စဉ် သဲအိတ်ဆင့်ကာကွယ်ထိန်းသိမ်း  နည်းနှင့် မြေသားရေကာတာခြေထောက်ထိန်းသိမ်းခြင်းများကို လက်တွေ့သရုပ်ပြသပြီး ရေဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကလည်း ဖြန့်ဝေပေးလျက်ရှိသည်။ 


သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏စဉ်ဆက်မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းပါအန္တရာယ်ဖြစ်နိုင်ခြေလျှော့ ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင်ပြင်ဆင် ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီးထောက်ပံ့မှုများလည်းမြန်ဆန်ထိရောက်မည်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာလူထုစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေချင်ကြောင်း ။             






အခြားဆက်စပ်သတင်းများ