မတ် ၂
ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် အဖြစ် အာဆင်နယ်အသင်းနှင့် အဲဗာ တန်အသင်းတို့ ယနေ့ နံနက် အစော ပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင် ကစားရာ အာဆင်နယ် အသင်းက အဲဗာတန်အသင်းကို လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။
အဆိုပါပွဲစဉ်တွင် အဲဗာတန် အသင်း ၏ ခံစစ်ပိတ် ကစားပုံကြောင့် အာဆင် နယ်အသင်း အနည်းငယ် ရုန်းကန် ခဲ့ရသော်လည်း နောက်ပိုင်းတွင် တိုက်စစ်က ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ဂိုး များ သွင်းယူနိုင်ခဲ့သည်။
အဲဗာတန်အသင်းက ခံစစ်အသား ပေးပုံစံကစားပြီး တန်ပြန်တိုက်စစ် ကတစ်ဆင့် အာဆင်နယ်အသင်း ကို ဖိအားပေးရန် ကြိုးစားခဲ့သော် လည်း အာဆင်နယ် အသင်း၏ ခံစစ်နှင့် ဂိုးသမား ရမ်ဒေးလ်တို့ အကောင်းဆုံး ပုံစံတွင်ရှိနေခြင်းကြောင့် ဂိုးသွင်းယူ နိုင်ခြင်း မရှိခဲ့ပေ။
အာဆင်နယ်အသင်းအတွက်အဖွင့် ဂိုးကို ပွဲကစားချိန် ၄၀ မိနစ်တွင် ဆာကာက သွင်းယူပေးခဲ့ပြီး ၄၆ မိနစ်တွင် မာတင်နယ်လီက ဒုတိယ မြောက် ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့သည်။
ဒုတိယပိုင်းတွင်လည်း အာဆင် နယ်အသင်းက ပွဲကို စိုးမိုးနိုင်ခဲ့ပြီး နောက်ထပ် အနိုင်ဂိုးများကို ပွဲကစား ချိန် ၇၁ မိနစ်တွင် အိုဒီဂတ်နှင့် ၈၀ မိနစ်တွင် မာတင်နယ်လီတို့က ထပ်မံသွင်းယူပေးခဲ့ကာ အိမ်ကွင်း အမ်းမရိတ်တွင် ဂိုးပြတ်နိုင်ပွဲ ရယူ နိုင်ခဲ့သည်။
အာဆင်နယ်အသင်းသည် ရမှတ် ၆၀ ဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းကို ငါးမှတ်ဖြတ် ထား နိုင်ခဲ့သည်။
ထို့ပြင် လီဗာပူးလ်နှင့် ဝုဗ်လ် အသင်းတို့ ပွဲစဉ်တွင် လီဗာပူးအသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဂိုးများကို ပွဲကစားချိန် ၇၃ မိနစ်တွင် ဗန်ဒိုက်နှင့် ၇၇ မိနစ်တွင် ဆာလာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
သူရိန်