နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်တက်

 မတ် ၂

အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ် တစ်ပွဲအဖြစ် မန်ယူအသင်းနှင့် ဝက်စ် ဟမ်းအသင်းတို့ ယနေ့ နံနက် အစော ပိုင်းက အိုးထရက်ဖို့ဒ် ကွင်း၌ ယှဉ်ပြိုင် ကစားရာ မန်ယူအသင်းက ဝက်စ် ဟမ်းအသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အက်ဖ်အေဖလား ကွာ တား ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့သည်။

မန်ယူအသင်းသည် ဝက်စ်ဟမ်း အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့် နေရာမှ နောက်ကျ သွင်းဂိုးများဖြင့် ပြန်လည်အနိုင်ရရှိကာ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။

 ပထမပိုင်းတွင် နှစ်သင်းစလုံး အခွင့် အရေးကိုယ်စီရရှိခဲ့ကြသော်လည်း   ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးဆုံးခဲ့ကာ ဒုတိယ ပိုင်း ပွဲကစားချိန် ၅၄ မိနစ်တွင် ဘန်ရာမာက ဝက်စ်ဟမ်း အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။

ထို့နောက် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က လူစားလဲမှုများ ပြုလုပ် ခဲ့ပြီး ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့ကာ ကက်စမဲရိုး ခေါင်းတိုက်ဂိုး သွင်းယူ ပေးခဲ့သော်လည်း လူကျွံဘော ဖြစ်နေခဲ့ သည်။ ၇၇ မိနစ်တွင် ဝက်စ်ဟမ်း အသင်း ခံစစ်ကစားသမား အာဂယ် ကိုယ့်ဂိုးကိုယ် သွင်းယူမိရာမှ မန်ယူ အသင်း ချေပဂိုးရရှိခဲ့ပြီး နောက်ထပ် အနိုင်ဂိုးများကို ပွဲကစားချိန် ၉၀ မိနစ်တွင် ဂါနာချိုနှင့် ၉၅ မိနစ်တွင် ဖရက်ဒ်တို့က သွင်းယူပေးခဲ့သည်။

မန်ယူအသင်းသည် နောက်ဆုံး ကစားခဲ့သည့်၉ရာသီအတွင်း အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ်အဆင့်သို့ ၈ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။

အက်ဖ်အေဖလားကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များကို မတ် ၁၉ ရက် နေ့တွင် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ပြီး မန်စီးတီးနှင့် ဘန်လေ၊ မန်ယူ နှင့် ဖူလ်ဟမ်၊ ဘရိုက်တန်နှင့် ဂရင်းဘီ၊ ရှက်ဖီးလ်နှင့်ဘလက်ဘန်းတို့ထိပ်တိုက် တွေ့ဆုံလျက်ရှိသည်။          

သူရိန်






အခြားဆက်စပ်သတင်းများ