မတ် ၁
အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ် တစ်ပွဲအဖြစ် ဘရစ္စတိုးလ်အသင်းနှင့် မန်စီးတီးအသင်းတို့ ယနေ့ နံနက် အစောပိုင်းက အက်ရှ်တွန်ဂိတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်စီးတီးအသင်းက သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွာတား ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ သည်။
အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်း က တိုက်စစ်ပိုင်း ခြေစွမ်းပြမှုနှင့်အတူ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ဖန်တီးနိုင်ခဲ့ကာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်သို့ ရှစ်နှစ် ဆက် တက်လှမ်းနိုင်ခဲ့သည်။
ပထမပိုင်းပွဲအစ ခုနစ် မိနစ်တွင် မာရက်ဇ်၏ ဖြတ်တင်ပေးမှုကတစ်ဆင့် ဖိုဒန်က မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ မန် စီးတီး အသင်းအတွက် ဒီဘရိုင်း၊ အယ်လ်ဗာရက်ဇ်နှင့် ဖိုဒန်တို့ ခြေစွမ်းပြ ကစားခဲ့ပြီး ပထမပိုင်း ပြီးခါနီးတွင် မန်စီးတီးအသင်း ဒုတိယမြောက် ဦးဆောင်ဂိုးရရှိနိုင်မည့် အခွင့်အရေး ဖန်တီးနိုင်ခဲ့သော်လည်းဒီဘရိုင်း အသုံး ချနိုင်ခြင်းမရှိသောကြောင့် ဂိုးရရှိမည့် အခွင့်အရေးဆုံးရှုံးခဲ့ရသည်။
ဒုတိယပိုင်းတွင် ဘရစ္စတိုးလ် အသင်း ချေပဂိုးရရှိရန် တိုက်စစ်မြှင့် ကစားရာမှာ မန်စီးတီးအသင်း နေရာ လွတ်ပိုရလာခဲ့ပြီး ပွဲကစား ချိန် ၇၄ မိနစ်တွင် ဖိုဒန်က ဒုတိယမြောက်ဂိုး ကို သွင်းယူပေးခဲ့ကာ နောက်ထပ် အနိုင်ဂိုးကို ၈၁ မိနစ်တွင် ဒီဘရိုင်းက သွင်းယူပေးခဲ့သည်။
အခြားပွဲစဉ်များတွင် ဘရိုက်တန် က စတုတ်စီးတီးအသင်းကို တစ်ဂိုး၊ ဂိုးမရှိ၊ ဘလက်ဘန်းက လက်စတာ အသင်းကို နှစ်ဂိုး၊ တစ်ဂိုးနှင့် ဖူလ်ဟမ် က လိဒ်စ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြပြီး အက်ဖ်အေ ဖလားကွာတားဖိုင်နယ်အဆင့်ကိုတက် လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
သူရိန်