နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) သို့ သွားရောက်စစ်ဆေး

ရန်ကုန် ဧပြီ ၅ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ လျပ်စစ်၊စက်မှုလက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ၊လူဝင်မှုကြီး ကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် နှင့်တာဝန်ရှိသူများသည်ယနေ့ နံနက် ၉ နာရီ က လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) ရှိဧည့်ရိပ်သာတွင် covid - 19 ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ကျန်းမာရေးစင်တာ ဆောက်လုပ်ရန် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများမှ လိုအပ်ချက်များအားတင်ပြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန် ခဲ့ကြသည်။ ဆက်လက်၍. ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စောင့်ကြည့်လူနာများမှ သုံးစွဲပြီး စွန့်ပစ်အမှိုက်များ စွန့်ပစ်ရန် အမှိုက်မီးရှို့စက် ဆောက်လုပ်နေမှုအားသွားရောက်ကြည့်ရှု့ရာ တာဝန်ယူဆောင်ရွက်လျက်ရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာန ဌာနမှူး ဦးချိုထွန်းအောင် မှ မီးရှို့ စက်‌ရုံဆောက်လုပ်နေမှုအား မြေပုံနှင့်တကွ ရှင်းလင်းတင်ပြကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကိုမှာကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) အတွင်း ဥက္ကလာ ခန်းမအနီးရှိ အဆောင်များ အကြီးစားပြင်ဆင်နေမှုများ စစ်ဆေးခြင်း၊သရဖီ ခန်းမ ပြင်ဆင်နေမှုများစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည်။ ထို့နောက် ရန်ကုန် မန္တလေး အမြန်လမ်း ရန်ကုန်အဝင် တိုးဂိတ်အကျော်၌ ရန်ကုန်သို့ ဝင်လာသော ခရီးသည်ယာဉ်ကားများမှ ခရီးသည်တစ်ဦးခြင်းစီ ကို အပူချိန်တိုင်းပေးခြင်းများပြုလုပ်နေမှု သို့ ကြည့်ရူ့ စစ်ဆေးခဲ့ကြောင်းသိရသည်။ ဓာတ်ပုံ ကျော်သူထက် သတင်း မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ