တောင်ကုတ် ဇွန် ၁၉
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးညီညီနှင့် အဖွဲ့သည် ဇွန် ၁၈ ရက် နံနက်ပိုင်းက တောင်ကုတ်မြို့နယ် တရဘကျေးရွာအုပ်စု၊ တရဘကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ၆၀၈ သိန်းအား အသင်းဝင် ၁၂၄ ဦးသို့ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ထုတ်ချေးပေးခြင်းနှင့် ပေါက်ပြင်ကျေးရွာအုပ်စု ပေါက်ပြင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ၅၇၄ သိန်းအား အသင်းဝင် ၁၂၃ ဦးထံသို့ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ထုတ်ချေးပေးနေမှုတို့ကို ကွင်းဆင်း စစ်ဆေးသည်။
ထို့ပြင် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးညီညီနှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ တောင်ရွာကျေးရွာအုပ်စု ဓားမကျကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေ (၁၂၁ ဒသမ ၀၀) သန်းဖြင့် ရွှေလျှံ သူဌေးချောင်းသားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဓားမကျကျေးရွာ ကျေးလက်ကုန်ထုတ်မြေသား လမ်းဖောက်လုပ်ခြင်း၊ ချောင်းကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတားတစ်စင်းတည်ဆောက် ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးအောင်လှဖြူ-ရမ်းဗြဲ