နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရန် မြို့ပေါ်ရပ်ကွက်များအတွင်း ပျိုးပင်များ အခမဲ့ဖြန့်ဝေပေး

မြန်အောင် ဇွန် ၁၉


မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ဇွန် ၁၈ ရက် နံနက်က မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံ၍ ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီး စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးလိုသူများအား မြန်အောင် မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေး ဦးဆောင်မှုဖြင့် မြန်အောင်မြို့မ တောအုပ် ဦးအောင်သူနှင့်ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များအတွင်း ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်းရှား၊ ပေါက်ပန်းဖြူ စသည့် အပင်များကို အခမဲ့လိုက်လံပေးဝေခဲ့ကြကြောင်းသိရသည်။               


(ဝင်းဗိုလ် မြန်အောင် ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ