ဖေဖော်ဝါရီ ၂၅
ဘာစီလိုနာအသင်း တောင်ပံကစား သမား ဒမ်ဘီလီသည် ပေါင်ကြွက်သား ဒဏ်ရာ သက်သာလာခြင်းမရှိသဖြင့် မတ် ၂ ရက်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ကစားရမည့် စပိန်ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ဒမ်ဘီလီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ကစားခဲ့သည့် ဂျီရိုနာ အသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သည့် ပေါင် ကြွက်သား ဒဏ်ရာကြောင့် အနားယူ နေရသူဖြစ်ပြီး လက်ရှိတွင်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ရန် ကြံ့ခိုင်မှု မပြည့် ဝသေးသဖြင့် လာမည့် မတ် ၂ ရက်တွင် ကစားရမည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ပွဲစဉ်အပါအဝင် မတ် ၅ ရက်တွင်ကစားရ မည့် ဗလင်စီယာအသင်းနှင့် အမှတ်ပေးပွဲ စဉ်ကိုပါ လွဲချော်မည်ဖြစ်သည်။
အသက် ၂၅ နှစ်အရွယ်ရှိ တောင်ပံ ကစားသမား ဒမ်ဘီလီသည် ၂၀၁၇ ခုနှစ် က ဒေါ့မွန်အသင်းမှ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာ မကြာခဏကြုံတွေ့ နေရသော်လည်း ပြိုင်ပွဲစုံ ၁၇၉ ပွဲတွင် သွင်းဂိုး ၄၀ ထိ သွင်းယူနိုင်ခဲ့သည်။
ထို့ပြင် ဒမ်ဘီလီသည် ယခုနှစ် ဘောလုံးရာသီ နည်းပြဇာဗီ လက်ထက် တွင် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံတွင် သွင်းဂိုး ရှစ်ဂိုးနှင့် ဂိုးဖန်တီးမှု ခုနစ်ကြိမ် ထိ ပြုလုပ်ထားကာ ဥရောပထိပ်သီး ကလပ် အသင်းများ၏ စိတ်ဝင်စားမှုကို ခံနေရကြောင်း သိရသည်။
သူရိန်