နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်သုံးယာဉ် EV Fast Charging Station များ တည်ဆောက်နေမှုကို ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဖေဖော်ဝါရီ   ၂၅

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဒေါက်တာဇော်ဝင်းနှင့် တာဝန် ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်သုံး ယာဉ်များအတွက် အမြန် အားသွင်းနိုင်သည့် EV Fast Charging Station  တည် ဆောက်နေသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ဒဂုံ- ဧရာအဝေးပြေးယာဉ်နှင့် ကုန်တင်ယာဉ် ရပ်နားစခန်းဝင်း၊ လှိုင်မြို့နယ် သီရိမင်္ဂလာစျေး၊  မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးယာဉ်နှင့် ကုန်တင် ယာဉ်ရပ်နားစခန်းဝင်း၊ အလုံ မြို့နယ် သခင်မြပန်းခြံ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ရန်ကုန် ဘူတာကြီးရှေ့ ပန်းဆိုးတန်း ခုံးကျော်တံတားအောက် နေရာ များသို့ သွားရောက်၍ အင်ဂျင် နီယာဌာန (အဆောက်အအုံ) ၏ ကြီးကြပ်မှုဖြင့် EV Charging Station များ တည်ဆောက် နေသည့် ကုမ္ပဏီများကတာဝန် ရှိသူများ၊ အင်ဂျင်နီယာများ နှင့် တွေ့ဆုံကာ "စံချိန်စံညွှန်း နှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ မတ် ၁၀ ရက်တွင် ပြီးစီး နိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှု အချိန်ဇယား Work  Schedule ရေးဆွဲ၍  စိစစ်ကြပ်မတ်ရန်" မှာကြားပြီး  သက်ဆိုင်ရာ Station  အလိုက် မြေနေရာအနေ အထားအရ အခက်အခဲများ၊ အုပ်ချုပ်မှုကိစ္စ ရပ်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍   လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက် လာမှုကြောင့် ကမ္ဘာကြီးပူနွေး လာခြင်း၊ လေထုညစ်ညမ်းမှု များလာခြင်းတို့မှသည် ကမ္ဘာ့ စီးပွားရေးကို သက်ရောက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် ဇီဝ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လျှော့ချနိုင်ရန် လျှပ်စစ်သုံး ယာဉ်များ ပြေးဆွဲအသုံးပြုနိုင် ရေး အခြေခံအဆောက်အအုံမျာ ကို အမျိုးသားအဆင့် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီး ကော်မတီ၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း ကာ အကောင်ထည်ဖော် ဆောင် ရွက်လျက်ရှိရာ၊ ပထမအဆင့်  အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင် လျှပ်စစ်သုံးယာဉ် များ ပြေးဆွဲနိုင်ရေးပြင်ဆင် လျက်ရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကတာဝန်ယူ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း Charging Station ငါးနေရာ တည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ