တနင်္သာရီ ဇွန် ၁၉
၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်အတွင်း အလယ်တန်းအဆင့် (Grade-7) သင်ရိုးသစ်အတွက် ဇွန် ၁၈ ရက် နံနက် ၉နာရီမှစတင်၍ တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် (Grade-7) Online Trainer of Training (TOT) Online သင်ရိုးသစ်တွင် ပို့ချမည့် ဘာသာရပ် ၁၂ ခုနှင့် ပတ်သက်သည့် နည်းပြသင်တန်း Online Trainer of Training (TOT) အား Online စနစ်ဖြင့် စတင်ပို့ချရာ မြို့နယ်အဆင့် နည်းပြဆရာ ၄ ဦးနှင့် ဆရာမ ၈ ဦး စုစုပေါင်း ၁၂ ဦး တက်ရောက်ကြောင်း သင်တန်းကာလမှာ ဇွန် ၁၈ ရက်နှင့် ၁၉ ရက် ၂ ရက်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထံမှ သိရှိရသည်။
Online (TOT) စနစ်ဖြင့် ယခုနည်းပြသင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမ ၁၂ ဦးက မြို့နယ် အတွင်းရှိ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်တွင် (Grade-7) အတန်းအား သင်ကြားပေးကြမည့် ဆရာ၊ ဆရာမ ၄၀၈ ဦးကို ဇွန် ၂၃ ရက်မှ ၂၈ ရက်အထိ ၆ ရက်အကြာ ဆင့်ပွားသင်တန်းပြန်လည်ပို့ချကြရမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)