နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး ဆောင်ရွက်

မင်္ဂလာဒုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်က မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများမှ တွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၅၃ ဦးဖြင့် ပဲခူးလမ်းတွင် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက် ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရဲစုတောင်ရပ်ကွက်၊ သဲကုန်းလမ်း ရေမြောင်းအတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ အမှတ် ၃ လမ်း ဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်နှင့် နုန်းများကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ ဆောင်ရွက်                 ကြစဉ်။                                                                               

 ယဉ်မွန်






အခြားဆက်စပ်သတင်းများ