နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသ

ရန်ကုန်၊ ဖေဖော်ဝါရီ  ၂၅

နည်းပညာတက္ကသိုလ် (သန်လျင်) နှင့် သန်လျင်ခရိုင် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက် ၁၀ နာရီက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။ 

ရှေးဦးစွာ သန်လျင်ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး နည်းပညာတက္ကသိုလ် (သန်လျင်) ဒုတိယ ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးများ၊ မြို့နယ်မီးသတ် စခန်း ဒုတိယဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေးအန္တရာယ် ကာကွယ်ခြင်းဆိုင်ရာ သရုပ်ပြသခဲ့ကြပြီး၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများက လက်တွေ့မီးငြှိမ်း သရုပ်ပြသခဲ့သည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ