နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်းတို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ  ၂၅

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်ကိုကို၊ ဦးစိုးနိုင်တို့နှင့် မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်းဥက္ကဋ္ဌ ဦးခင်ထွန်း၊ ဘဏ္ဍာရေးမှူး ဦးစိန်လွင်တို့ ဦးဆောင်သောအဖွဲ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ တွေ့ဆုံဆွေးနွေး သည်။

တွေ့ဆုံရာတွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက လုပ်ငန်းကဏ္ဍစုံမှ အသင်းအဖွဲ့များအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းများအဖြစ် ဝင်ရောက်လိုခြင်းအတွက် ဝမ်းသာကြိုဆိုပါ ကြောင်း၊ ညီနောင်အသင်းဖြစ်ခြင်းဆိုင်ရာ သင်းဖွဲ့စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သင်းဖွဲ့စည်းမျဉ်းအရ ညီနောင် အသင်းများသည် သက်ဆိုင်ရာလုပ်ငန်းအလိုက်၊ ဒေသအလိုက် ကိုယ်စား ပြုရမှာဖြစ်ပြီး ညီနောင်အသင်းအဖြစ် လက်ခံရန် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်းဥက္ကဋ္ဌ ဦးခင်ထွန်းက အော်တိုမိုတစ်အသင်းအနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အကျိုးရှိပြီး မိမိတို့နိုင်ငံ သုံးစွဲသူ များအတွက်လည်း  အကျိုးရှိစေမည့်ရည်ရွယ်ချက်နှင့်   အသင်းကို တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ Industry တစ်ခုလုံးကို စနစ်တကျ နှင့် ဖွံ့ဖြိုးတိုးတက်၍ စားသုံးသူများကိုအခြေပြုပြီး ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာသည့်အခါ ထုတ်ကုန်များ၊ နည်းပညာများ Reliable ဖြစ်စေရန်၊ Compliance ဖြစ်စေရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါ ကြောင်း၊ ကုလသမဂ္ဂမှာ ၁၉၅၈ မော်တော်ယာဉ်ဥပဒေကို ပြဋ္ဌာန်းထားခဲ့ ပြီး နည်းဥပဒေ များစွာရှိပါကြောင်း၊ နည်းပညာပြောင်းလဲလာတာနှင့် အမျှ နည်းဥပဒေများက အမြဲတမ်း Update လုပ်လေ့ရှိကြကြောင်း၊ နိုင်ငံတကာမှ ၎င်းတို့ နိုင်ငံနှင့် သင့်လျော်မည့် နည်းဥပဒေများကို စံချိန်စံညွှန်းနှင့် သတ်မှတ်ကြသည့်အတွက် မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်စေချင်ကြောင်း၊ မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွား ရေး ဖွံ့ဖြိုးရေးအတွက် အော်တိုမိုတစ်ကဏ္ဍသည်လည်း အရေးပါသည့် အတွက် ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းဖြစ်ခြင်းမှ တစ်ဆင့် အချက်အလက်များကို သက်ဆိုင်ရာအစိုးရကော်မတီများသို့ တင်ပြပါက ပိုပြီးထိရောက်နိုင်ပါကြောင်း၊ လက်ရှိတွင် လျှပ်စစ်သုံး မော်တော်ယာဉ် (EV) Charging Station တွင်လည်း ပူးပေါင်းဆောင်ရွက် နေပါကြောင်း၊ အသင်း၏ လစဉ်လှုပ်ရှားဆောင်ရွက်မှုများကို ကုန်သည် စက်မှုအသင်းချုပ်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် အသင်းသားရေးရာကော်မတီ အဖွဲ့ဝင်များက မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်းအနေဖြင့် ကုန်သည် စက်မှုအသင်းချုပ်၏ ညီနောင်အသင်းအဖြစ် လျှောက်ထားရာတွင် လိုအပ်သည့်အရည်အချင်းများ ပြည့်စုံပါက အသင်းသားရေးရာကော်မတီ မှတစ်ဆင့် စီမံခန့်ခွဲရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ သို့ ဆက်လက်တင်ပြ၍ ညီနောင်အသင်းအဖြစ် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်းသည် နာမည်ကျော်ကြားသော နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်သည့် Automotive Brands ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ကုန်သည်စက်မှုအသင်းချုပ်တွင် ညီနောင်အသင်းဝင်ဖြစ်ရန် လျှောက်ထားလျက်ရှိသည်။

CN-033






အခြားဆက်စပ်သတင်းများ