နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်နှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၅/၂၀၂၃ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ  ၂၄

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ကော်မတီ ဝင်များနှင့် ဌာနမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ် စဉ် ၅/၂၀၂၃ ကို  ယနေ့နံနက် ၁၁ နာရီခွဲက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ ၄ ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊   ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့ တက်ရောက်သည်။

အစည်းဝေးတွင် မြို့တော်ဝန် က “၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ရည်မှန်းချက် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ကြရန်နှင့် မြို့တော်သန့်ရှင်းသာယာသပ် ရပ်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်  ဌာနများ ညီညွှတ်စွာဖြင့် ပေါင်း စပ်ညှိနှိုင်းလုပ်ဆောင်ကြရန်” တိုက်တွန်းမှာ ကြားသည်။ 

ဆက်လက်၍ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းတင်ပြကြ ရာ မြို့တော်ဝန်က လိုအပ်သည် များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ