နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးကွင်းဆင်းစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်  ဒုတိယမြို့တော်ဝန်၊ အတွင်းရေး မှူး၊ ကော်မတီဝင်များ၊ ဌာနမှူး များနှင့် တာဝန်ရှိသူများလိုက် ပါလျက် ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်၊ ပါရမီလမ်း၊ ပြည် လမ်းနှင့်                 ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ) အဝင်လမ်းအကြား သန့်ရှင်းသာယာသပ်ရပ်ရေး  ဆောင်ရွက်ထားရှိမှု၊ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) ဝင်းအတွင်း သမိုင်းကောလိပ် လမ်းတစ်လျှောက် လမ်းဝဲ/ ယာ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုနှင့် ဒဂုံမြို့နယ် မဟာဝိဇယစေတီတော် ငါးကန်  ပြန်လည်ဆယ်ယူရန် ငါးများ ရွေ့ပြောင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်းသို့ သွားရောက်၍ ပြည်လမ်းနှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အဝင်လမ်း အကြား အရှည် ၇၂၀ ပေ တိုးချဲ့ ကွန်ကရစ်လမ်းနှင့် အင်းလျား လေးကန်စပ်အကြား လူသွား စင်္ကြံစက်ဘီးလမ်း Inter Lock  ခင်းကျင်းပြီးစီးမှုနှင့် မြေယာ ရှုခင်းပြုလုပ်ထားရှိမှု၊ အင်းလျား လေးကန် သန့်ရှင်းကြည်လင် စေရေးအတွက် Aquamarine ယာဉ်ဖြင့် အမှိုက်၊ မှော်၊ ဒိုက်များ ဆယ်ယူရှင်းလင်းနေမှု၊ အင်းလျား လေးကန်အတွင်းရှိ ရေလယ် ကျွန်း မြေယာရှုခင်းဆောင်ရွက် နေမှု၊ Amphibious Excavator ဖြင့် ကန်စပ်ရှိနုန်းများ တူးဖော် ရှင်းလင်းနေမှုနှင့် ကန်စပ် အုတ်တံတိုင်း ပြန်လည်တည်  ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ  မှာကြားသည်။

ထို့နောက်   မြို့တော်ဝန်နှင့်  အဖွဲ့သည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အတွင်း သမိုင်း ကောလိပ် လမ်းတစ်လျှောက်  လမ်းဝဲ/ယာ မြက်ပင်ချုံနွယ်များ  ရှင်းလင်းပြီး မြေယာရှုခင်း ဆောင်ရွက်နေမှု၊ လူသွားစင်္ကြံ ကတ်တုံးများရှိ ရေညှိ၊ ချေးများ တိုက်ချွတ်ဆေးကြော ရေဆေး နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး အုပ်မိုးကိုင်းများ ခုတ်၍ အလင်းဖွင့်ရန်၊ သစ်ပင် အောက်တက်များ ခုတ်ထွင်ရှင်း လင်းရန်၊ အုတ်တံတိုင်းနှင့် ခြံစည်းရိုးရှေ့ပိတ်ဆို့နေသည့်  ချုံများ ရှင်းလင်း၍ ဆေးသုတ် ရန်၊ လူသွားစင်္ကြံကတ်တုံးများ ဆေးသုတ်ရန်နှင့် လျှပ်စစ်ဓာတ် အားပေးကြိုးနှင့် ဆက်သွယ်ရေး ကြိုးများ သေသပ်စွာထားရှိရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ရွှေတိဂုံ ဘုရားလမ်းရှိ မဟာဝိဇယ စေတီတော် ငါးကန်ပြန်လည်  ဆယ်ယူနိုင်ရေးအတွက် ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနကတာဝန်ယူ၍ ကန် အတွင်းရှိငါးများအား ဗဟန်း မြို့နယ် ကန်တော်ကြီးသဘာဝ ဥယျာဉ်အတွင်းသို့ ပြောင်းရွေ့ နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကန်အတွင်းက နုန်းများတူးဖော် ဆယ်ယူရေးအတွက် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ ငါးကန်ကို ၂၀၁၉ ခုနှစ်က ဆယ်ယူရှင်းလင်းခဲ့သော် လည်း ယခုအခါ ငါးအကောင် ရေတိုးပွားလာပြီး နုန်းမြေများ တက်လာခြင်း၊ ရေများညစ်ညမ်း လာခြင်းတို့ကြောင့် ပြန်လည် ဆယ်ယူနိုင်ရေးအတွက် ယမန် နေ့က ငါးအကောင်ရေ  ၂၀၄၅ ကောင်ကို ကန်တော်ကြီးသဘာဝ ဥယျာဉ်သို့ ရွေ့ပြောင်းပေးခဲ့ပြီး ကျန်ရှိနေသော ငါးများကို ဆက်လက် ရွေ့ပြောင်းလျက်ရှိ ကြောင်း သိရသည်။

သတင်း - မိုးဝေ 

ဓာတ်ပုံ - သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ