ရန်ကုန် ဇွန် ၁၉
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီသည် တောင်ဒဂုံအလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) အတွင်း တောင်ဒဂုံနှင့်ဒဂုံဆိပ်ကမ်းမြို့နယ်များမှ စက်ရုံအလုပ်ရုံဝန်ထမ်းများ၏ စာရွက်စာတမ်း ကိစ္စများ ဆောင်ရွက်ပေးနေမှုအခြေအနေများ ၊ အလုပ်သမားရုံး၏ လိုအပ်ချက်များကို မေးမြန်းကြည့်ရှုခဲ့ပြီး အဝတ်မက်စ်များကို ဇွန် ၁၇ ရက်က ပေးအပ်ခဲ့သည်။
ထို့နောက် လွှတ်တော်တွင်တင်ပြတောင်းဆိုထားသောကတိကဝတ်အရ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကားမှတ်တိုင်များ အဆင့်မြှင့်တင် ဆောက်လုပ်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
(NWA)