နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပေးအပ်သည့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသော ချီးမြှင့်ငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၄

၂၀၂၃ ခုနှစ်  ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိသော ဝန်ထမ်း ၁၇၄ ဦးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီကပေးအပ် သည့် ချီးမြှင့်ငွေလွှဲပြောင်းပေးအပ် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၊ ပထမ ထပ်ရှိ အစည်းအဝေးခန်းမကြီး ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး  ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဝန်ထမ်းကောင်းတံဆိပ်ရရှိ သည့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနား၌ မြို့တော်ဝန်က အမှာစကားပြော ကြားရာတွင် “ယနေ့အခမ်း အနားသို့  တက်ရောက်လာကြ သော ကော်မတီဝင်များ၊ ဌာနမှူး များနှင့် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ချီးမြှင့်ခြင်းခံရသော အရာထမ်း၊ အမှုထမ်းများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ရန် နှုတ်ခွန်းဆက်သအပ်ပါ ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သည် ရန်ကုန်မြို့တော်ကြီးကို သန့်ရှင်းသာယာရေး၊ သောက်သုံး ရေရရှိရေး၊              ကျန်းမာရေးနှင့် ညီညွတ် သည့်  မြို့ပြအခြေခံအဆောက် အအုံများ ဖြစ်ထွန်းလာစေရေး၊ သာယာလှပသော ပန်းခြံ၊ ဥယျာဉ်  များနှင့် အားကစားကွင်း များအဖြစ်တည်ရှိရေး၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့၍ ယာဉ်အန္တရာယ် ကင်းရှင်းရေး စသည့် လူမှုကိစ္စအဝဝကို ကော်မတီ၏ ဦးဆောင်မှု၊ ကော်မတီရှိဝန်ထမ်းများ၏ စွမ်းဆောင်ရည်များနှင့် တာဝန် ယူ ဖြည့်ဆည်းဆောင်ရွက်ပေး နေသည့် အဖွဲ့အစည်းကြီးဖြစ် ပြီး စဉ်ဆက်မပြတ် ဆောင်ရွက် မှုများကြောင့် မြို့တော်အင်္ဂါရပ် နှင့်အညီ  သင့်တင့်လျောက်ပတ် ညီညွတ်သော တိုးတက်မှုများ ရရှိလာနေသည်ကိုလည်း မျက်ဝါး ထင်ထင် တွေ့မြင်ရမှာဖြစ် ကြောင်း၊ ယခုကဲ့သို့ တိုးတက်မှု များရရှိလာခြင်းသည် ကော်မတီ ၏ ဦးဆောင်လမ်းညွှန်မှု၊ ဌာန အားလုံးရှိ ဝန်ထမ်းများ၏ တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်ခဲ့မှုများကြောင့်ဖြစ်ပြီး ယခု ကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သူ အားလုံးကိုလည်းကျေးဇူးတင် ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ကော်မတီ အနေဖြင့် မြို့တော်သန့်ရှင်း သာယာရေးအတွက် တည် ဆောက်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေ သကဲ့သို့ တစ်ဖက်တွင်လည်း ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဝန်ထမ်းများ သက်သာချောင်ချိ ရေးကိုရှေးရှု၍ ဝန်ထမ်းအိမ်ရာ  များဆောက်လုပ်ပြီး အိမ်ခန်း များချထားပေးခြင်း၊ ဝန်ထမ်းများ အချိန်မီလုပ်ငန်းခွင် ရောက်ရှိရေး နှင့် ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် ဝန်ထမ်းကြို၊ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ အိမ်ရာ ဝင်းများ တည်ဆောက်ပေးရာ တွင်လည်း မိသားစုများ ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်နိုင်ရေး အတွက် ကစားကွင်းများကိုပါ ထည့်သွင်း ဆောင်ရွက်ပေးလျက် ရှိခြင်းကြောင့် အိမ်ရာဝင်းအတွင်း နေထိုင်ကြသည့် ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုဝင်များ အားလုံးကလည်း သတ်မှတ်ထား သည့်  အိမ်ရာဝင်းစည်းကမ်းများ ကို လိုက်နာကြပြီး မိသားစု အချင်းချင်း ချစ်ကြည်၊ စည်းလုံး၊ ညီညွတ်စွာနေထိုင်ကြဖို့ကိုလည်း မှာကြားလိုကြောင်း၊ ထို့နောက် နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ဖို့အတွက် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို မဖြစ် မနေ သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ကော်မတီဝန်ထမ်း များဖြစ်သည့်အတွက် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေကိုလည်း သိရှိနားလည်ပြီး မြို့တော်သူ/ မြို့တော်သားများ အပေါ် ဆောင်ရွက်ပေးရမည့် တာဝန်များကို သိရှိလိုက်နာ ထမ်းဆောင်ကြရမှာ ဖြစ်သကဲ့ သို့ တည်ဆဲဥပဒေ၊ နည်းဥပဒေ များကို အချိန်နှင့်တပြေးညီ  သိရှိထားရန် လိုအပ်သလို နိုင်ငံ့ ဝန်ထမ်းများ၏ တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေး များ၊ ရာထူးတိုးမြှင့်ခြင်း၊ စည်းကမ်း ဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ အယူခံခြင်းစသည့် ပြဋ္ဌာန်းချက် များကို မိမိထမ်းဆောင်တာဝန် ယူရသည့် ရာထူးအဆင့်အတန်း နှင့်အညီ  သိရှိရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ချီးမြှင့်ရန်အတွက် သတ်မှတ်ချက်ဖြစ်သည့် “တစ်ဆက်တည်း စုစုပေါင်း လုပ်သက် ၂၆ နှစ်” တာဝန် ထမ်းဆောင်သူများဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများတွင်လည်း ပြစ်မှု ပြစ်ဒဏ် ကင်းရှင်းသူများဖြစ်ကြ ရမှာဖြစ်သည့်အတွက် ဝန်ထမ်း လုပ်သက် တစ်လျှောက်တွင်  တာဝန်ကျေပွန်စွာဖြင့် အပြစ် မရှိ ထမ်းဆောင်ခဲ့ကြ၍ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့် ခံရသည့်အတွက်လည်း မိမိအနေ ဖြင့် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ မှတ်တမ်းများအရ ကော်မတီတွင် ၂၀၀၀ ပြည့်နှစ် မှ ၂၀၂၃ ခုနှစ်အထိ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်ရရှိခဲ့ သည့် ဝန်ထမ်း ၂၅၄၇ ဦးရှိပြီ ဖြစ်ကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက တာဝန်ယူခဲ့ သည့်ကာလအတွင်း သက်ဆိုင် ရာကဏ္ဍအလိုက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စွမ်း ဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်ခဲ့ရာတွင် လည်း ၂၀၂၂ ခုနှစ် လွတ်လပ် ရေးနေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ  ဝန်ထမ်းများထဲမှ စီမံထူးချွန် တံဆိပ် (တတိယအဆင့်) နှစ် ဦး၊  ဝန်ဆောင် စီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ခြောက်ဦး စုစုပေါင်းတာဝန်ထမ်းဆောင် ဆဲဝန်ထမ်း ရှစ် ဦး၊ ၂၀၂၂ ခုနှစ် အမျိုးသားနေ့တွင် စီမံထူးချွန် တံဆိပ် (ပထမအဆင့်) ၁၁ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမ အဆင့်) လေးဦး၊ စုစုပေါင်း အငြိမ်းစားဝန်ထမ်း ၁၅ ဦးနှင့် စီမံထူးချွန်တံဆိပ် (တတိယ အဆင့်) သုံးဦး၊ လူမှုထူးချွန် တံဆိပ် (တတိယအဆင့်) ၁၀ ဦး စုစုပေါင်းတာဝန်ထမ်းဆောင် ဆဲ ဝန်ထမ်း ၁၃ ဦး ရရှိခဲ့ကြသည့်  အတွက်ကြောင့် မိမိအနေဖြင့် ထပ်မံ ဂုဏ်ပြုမှတ်တမ်းတင်ပါ ကြောင်း၊ ထို့အတွက်ကြောင့် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း” ဆိုသည့်အတိုင်း ဝန်ထမ်းကောင်း ဆိုသည့် အစဉ်အလာကို  ဆက်လက် ထိန်းသိမ်းပေးကြပြီး မိမိတို့ဌာန၊ မိမိတို့ပတ်ဝန်းကျင် မှာရှိသည့် ဝန်ထမ်းများအတွက် လည်း စံနမူနာဖြစ်အောင် ကြိုးစားကြစေရေးနှင့် နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်ပါ နိုင်ငံ့ဝန်ထမ်း များထမ်းဆောင်ရသည့် တာဝန် ၃ ရပ်၊ နိုင်ငံ့ဝန်ထမ်းစောင့်ထိန်း ရမည့် ကျင့်ဝတ်အပါး ၃၀ တို့နှင့်အညီ နိုင်ငံတော်နှင့် ကော်မတီအတွက် ကိုယ်စွမ်း ဉာဏ် စွမ်းရှိသမျှ စိတ်စေတနာ ကောင်းဖြင့် စောင့်ထိန်းကြိုးစား တာဝန် ထမ်းဆောင်ကြစေလို ကြောင်း” တိုက်တွန်း ပြော ကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်  ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသော ဝန်ထမ်း ၁၇၄ ဦး အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကပေးအပ်သည့် ချီးမြှင့်ငွေကို မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များက  ဝန်ထမ်းများကိုယ်စား သက် ဆိုင်ရာ ဌာနမှူးများကို အသီး သီး လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ချီးမြှင့်ခံရသော  အရာထမ်း၊ အမှုထမ်းများအား လုံး၏ကိုယ်စား အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဌာနမှူး ဦးမြင့်ဇော်သန်းက  ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့တော်  စည်ပင် သာယာရေးကော်မတီမှ ပြည်သူ့ ဝန်ထမ်း  ကောင်းတံဆိပ်ရရှိ သည့် အရာထမ်း ၃၈ ဦး၊ အမှု ထမ်း ၁၃၆ ဦးအတွက် တစ်ဦး လျှင် ချီးမြှင့်ငွေ ကျပ်တစ်သိန်း ငါးသောင်းဖြင့် စုစုပေါင်း ကျပ် နှစ်ရာခြောက်ဆယ့်တစ်သိန်း အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။ 

သတင်း - မိုးဝေ 

ဓာတ်ပုံ - သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ