နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်း Bus Terminal တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ ၁ ၌ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၇ မြို့ပတ် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းတွင် သယ်ယူ ပို့ဆောင်ရေးအတွက် ဘတ်စ်ကားလိုင်းပြေးဆွဲရန် Bus Terminal တည်ဆောက်ရေး ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။

Bus Terminal တည်ဆောက် ရေးနှင့်ပတ်သက်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်အေးမွန်က "စီမံကိန်းအတွင်း ရှိ လျာထားသော မြေဧရိယာ အတွင်း မြို့ပြစီမံကိန်းရှုထောင့် အရ စိစစ်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ         ကန့်သတ်ချက်များ ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ရှင်းလင်းတင်ပြပြီး ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က "တည်ဆောက် ရေးနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရမည့် အခြေအနေ များ၊ တည်ဆောက်မည့် ဒီဇိုင်း နှင့်ယာဉ်ဝင်လမ်း၊ ထွက်လမ်း များအတွက် လျာထားချက် များ" ကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က "မကြာမီ တည် ဆောက်ရေးလုပ်ငန်းများ ပြီးစီး တော့မည်ဖြစ်သဖြင့် ပြည်သူ များ နေထိုင်သည့်အခါသွားလာ မှု အဆင်ပြေချောမွေ့စေရေး Bus Terminal တည်ဆောက် ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ရန်"ဆွေးနွေးမှာကြား သည်။

ယခုအခါ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာ၊ အိမ်ခန်း ပေါင်း ၁၀,၀၀၀ စီမံကိန်းသည် နေရေးအခက်အခဲရှိသည့် နိုင်ငံ့ ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း များနှင့် ဝင်ငွေနည်း ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် နိုင်ရန် ရည်ရွယ်၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ တွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမ အဆင့်အဖြစ် ရန်ကုန်မြို့တွင် တိုက် ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်း တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၄ ရာခိုင်နှုန်းခန့် ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ