နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး ၂၆၁၁ နှစ် မြောက် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် ကျင်းပ သည်။

ရှေးဦးစွာ နံနက်ပိုင်းက ရှေး ဟောင်း ဗုဒ္ဒရုပ်ပွားတော်များ တန်ဆောင်းတွင် စုရပ်ပြုလုပ်၍ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော် များကို စေတီတော်ရင်ပြင်တွင် လက်ယာရစ် လှည့်လည်ပူဇော် ကြသည်။

ထို့နောက် ချမ်းသာကြီး တန်ဆောင်းတွင် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဆက်လက်ကျင်းပရာ နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် နာဂိန္ထ ထံမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ပွဲတော်ကျင်းပ ရေးကိစ္စရပ်များကို အလှည့်ကျ သဘာပတိ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် မြတ်ဗုဒ္ဓ၏ သဗ္ဗ ညုတဉာဏ်ရောင် မြတ်တန်ဆောင် ကို လေးမြတ်ကော်ရော် ပူဇော် သောအားဖြင့် ဩဝါဒါစရိယ ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဂေါပက အဖွဲ့ဝင်များ၊ ဧည့်သည်တော် များက ဆီမီးတန်ဆောင်ထွန်းညှိ ပူဇော်ကြပြီး  ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်း ဒေသကြီး ဝန်ကြီးများနှင့်ဂေါပက အဖွဲ့ တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် မဟာပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ဒေသနာတော် များကို ဩဝါဒါစရိယဆရာတော် ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်သည်တော်များ၊ အာရုံခံမုခ်ဦး လေးခုတွင် နေရာယူထားကြ သော ပရိသတ်အမျိုးလေးပါးတို့ က ရွတ်ဖတ်ပူဇော်ကြပြီး ဗဟို မဏ္ဍပ်အတွင်းရှိ ရတနာဃရ စံအိမ်တော်အတွင်း အသင့်နေရာ ယူထားသော သံဃာတော်က မဟာပဋ္ဌာန်း ဒေသနာတော်ကို အသံမစဲ ဆက်လက်ရွတ်ဖတ် ပူဇော်၍ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင် များက သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်း ဆက်ကပ်ကြသည်။

ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် တွင် ယနေ့ နံနက် ၉ နာရီမှ မတ် ၅ ရက်၊ နံနက် ၉ နာရီအထိ သံဃာတော် ၁၂၀ ပါးတို့က ကိုးရက်တိုင်တိုင် အသံမစဲမဟာ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ပြီး အဖိတ်နေ့ မတ် ၄ ရက်၊ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီ တော် ဩဝါဒါစရိယ ဆရာတော် ကြီးများနှင့် ပင့်သံဃာ ၁၁၇ ပါး၊ သီလရှင် ၂၇ ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှစ၍ ရင်ပြင်တော် ပေါ် လက်ယာရစ်တစ်ပတ် ဆွမ်း ဆန်တော် လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့ မတ် ၅ ရက်၊ နံနက် ၅ နာရီခွဲတွင် ရင်ပြင် တော် အောင်မြေ၌ ဆွမ်းတော် ကြီး ဆက်ကပ်လှူဒါန်း၍ နံနက် ၉ နာရီတွင် ချမ်းသာကြီးတန် ဆောင်း၌ ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ပိတ်ပွဲ (အောင်ပွဲ) နှင့် ရေစက်ချအခမ်းအနား ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ ရဟန်း ရှင်လူ ပြည်သူများက အနုမော ဒနာပြုနိုင်ကြပါရန်နှင့် ပါဝင် လှူဒါန်း ကုသိုလ်ပြုနိုင်ပါကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ထံမှ သိရ သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ