နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် နှင့် စစ်ရေးဖလှယ်မှုများ မြှင့်တင်မည်ဟု ထိုင်ဝမ်သမ္မတ ပြော

တိုင်ပေ ဖေဖော်ဝါရီ  ၂၄

အာဏာရှင်စနစ် ချဲ့ထွင်မှုကို တားဆီးရန် အမေရိကန်နှင့်စစ်ဘက် ဆိုင်ရာ ဖလှယ်မှုများမြှင့်တင်မည်ဟု ထိုင်ဝမ်သမ္မတ  ဆိုင်အင်ဝမ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောသည်။

ယခုလအတွင်း  ထိုင်ဝမ်သို့ ငါး ရက်ကြာရောက်ရှိလာသည့်  အမေရိကန် လွှတ်တော်အမတ်များ၏ ခရီးစဉ်အပြီး အမေရိကန်ထိပ်တန်း ကာကွယ်ရေး အရာရှိတစ်ဦးနှင့် ထိုင်ဝမ်သမ္မတတို့ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယခု ကဲ့သို့ စစ်ရေးဖလှယ်မှု သတင်းထွက် ပေါ်လာခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမေရိကန်ကလည်း စစ်ဘက်ဆိုင်ရာ ဖလှယ်မှုများ ဆက်လက် အားကောင်း လာစေရန် တွန်းအားပေးလျက်ရှိ ကြောင်း ထိုင်ဝမ်သမ္မတ က ပြောသည်။

သို့ရာတွင် သမ္မတ ဆိုင်အင်ဝမ် အနေဖြင့် အဆိုပါစစ်ရေးပူးပေါင်းမှု တိုးမြှင့်ခြင်းအစီအစဉ်၏ အသေးစိတ် အကြောင်းအရာ အချက်အလက်များ ကိုမူ အသိပေးပြောကြားခြင်း မရှိ ကြောင်း သိရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ