နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၃၀,၃၉၂ တန်ဖိုးရှိ မူးယစ်ဆေး ဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ် ဇွန် ၁၈


ဇွန် ၁၇ ရက်၊ နံနက်  ၁၀ နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနားကျေးရွာအထွက်တွင်ရပ်ထားသည့် Toyota Hilux Revo အမျိုးအစားမော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်မောင်း ကျဘိုရှဲအားတွေ့ရှိပြီး  ကျအူနှင့် ကျခူ တို့ ၂ ဦးမှာ တောအတွင်းသို့ ထွက်ပြေးသဖြင့် မော်တော်ယာဉ်ကိုဆက်လက်ရှာဖွေရာ ယာဉ်၏ရှေ့ခန်းမှ အမ်-၂၁ တစ်လက်၊ ၎င်းကျည် ၇၁ တောင့်၊ ၉ မမပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခုနှင့် ၎င်းကျည် ၄၇ တောင့် တို့ကိုလည်းကောင်း၊ ယာဉ်၏နောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားနှင့် ဘိန်းဖြူ ၂ ဒသမ ၄၅ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ကျဘိုရှဲ(၂၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဇွန် ၁၇ ရက်၊ နံနက်  ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာရှိ မစန်းအေး(ခ)မကျိန်းကြူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၂၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၄၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မစန်းအေး(ခ)မကျိန်းကြူ(၅၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


  ဆွေဦး






အခြားဆက်စပ်သတင်းများ