နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာကို အနိုင်ရပြီး မန်ယူအသင်း ယူရိုပါလိဂ် နောက်တစ်ဆင့်တက်

ဖေဖော်ဝါရီ   ၂၄

ယူရိုပါလိဂ်ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်အဖြစ်   မန်ယူအသင်းနှင့် ဘာစီလိုနာအသင်းတို့ ယနေ့ နံနက် အစောပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်ယူအသင်းက ဘာစီလိုနာအသင်းကို နှစ်ဂိုး၊ တစ်ဂိုး (နှစ်ကျော့ ပေါင်းရလဒ် လေးဂိုး၊ သုံးဂိုး) ဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ အသင်း၏ ခံစစ်ပိုင်းက အမှားများနေ ခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ဂိုးကန်သွင်း ခွင့် အနည်းငယ်သာ ဖန်တီးနိုင်ခဲ့သည်။

မန်ယူအသင်း၏ အသင်းလိုက် ကစားပုံ အကောင်းဆုံးပုံစံတွင်ရှိနေခဲ့ ပြီး တစ်ဦးချင်း စွမ်းဆောင်ရည်မှာလည်း ပိုမိုကောင်းမွန်ခဲ့ကာ ဘာစီလိုနာအသင်း ခံစစ်ကို အကြိမ်ကြိမ်ဒုက္ခပေးနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းအတွက် အဖွင့် ဂိုးကို ပွဲကစားချိန် ၁၈ မိနစ်တွင် ပင်နယ်တီကတစ်ဆင့် တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းယူပေးခဲ့သော် လည်း မန်ယူအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၄၇ မိနစ်တွင် ဖရက်ဒ်က သွင်းယူ ပေးခဲ့ကာ အနိုင်ဂိုးကို ၇၃ မိနစ်တွင် လူစားဝင် ကစားသမား အန်တိုနီက သွင်းယူပေးခဲ့သည်။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် သို့ မန်ယူအသင်းနှင့်အတူ စပို့တင်း၊ လေဗာကူဆင်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ ရှက်တာဒိုးနက်၊ ရိုးမားနှင့် ယူနီယံ ဘာလင်အသင်းတို့ တက်လှမ်းနိုင်ခဲ့ပြီး အုပ်စုပထမရရှိခဲ့သည့် အသင်း ရှစ်သင်း နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ