ဖေဖော်ဝါရီ ၂၄
တိုက်စစ်ကစားသမား ဗင်နီစီး ယပ်စ်က ၎င်း၏ ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်အသင်းတွင်သာ ကုန်ဆုံးရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။
လက်ရှိတွင် လူငယ်တိုက်စစ်ကစား သမား ဗင်နီစီးယပ်စ်သည် အသင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်တွင် စာချုပ် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းအနေဖြင့် လုပ်ခလစာ တိုးမြှင့် ကာ လာမည့် ၂၀၂၈ ခုနှစ်ထိ ကာလရှည် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ ထားသကဲ့သို့ ၎င်းကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းတွင်သာ ကစားသမားဘဝ အနားယူသည်ထိ ကစားသွားရန် ဆုံးဖြတ်ထားခြင်းဖြစ် သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ဗင်နီစီး ယပ်စ်သည် ၂၀၁၈ ခုနှစ်က ရီးရဲလ်မက် ဒရစ်အသင်းသို့ ရောက်ရှိခဲ့ပြီးလူငယ် အသင်းနှင့် ငါးပွဲကစားခဲ့ပြီး နောက် အသင်းကြီးနှင့် ပူးပေါင်းခွင့်ရရှိခဲ့သော် လည်း ပုံမှန်ပွဲကစားခွင့် မရရှိသေးဘဲ နည်းပြ အန်ဆယ်လော့တီ ကိုင်တွယ်ပြီး နောက် ခြေစွမ်းပိုင်းတိုးတက်လာကာ အသင်း၏ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည်။
သူရိန်