နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန် ဇွန် ၁၈


 ဇွန် ၁၇ ရက်၊ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီးနှင့် ဗဟိုလမ်းမကြီးအနီးတွင် တွေ့ရှိသူ အောင်မျိုးသူ(ခ)အာကာ၊ စိုးမင်းထွန်း(ခ)ဆန်နီနှင့် မဆွေးရဲမ်မွဲ(ခ)မသီတာဝင်း တို့အား စစ်ဆေးရှာဖွေရာ အောင်မျိုးသူ ကိုင်ဆောင်ထားသည့် လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်၍ ညနေ ၅ နာရီခွဲအချိန်တွင် မဆွေးရဲမ်မွဲ နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အမှတ်(၃)လမ်း၊ တိုက်အမှတ်(၆၈၉)၊ ဒုတိယအထပ်ရှိ အခန်းအမှတ်(၂)အားရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အောင်မျိုးသူ(ခ)အာကာ(၂၄)နှစ်၊ စိုးမင်းထွန်း(ခ)ဆန်နီ(၂၅)နှစ်၊ မဆွေးရဲမ်မွဲ (ခ)မသီတာဝင်း(၃၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


  ဆွေဦး






အခြားဆက်စပ်သတင်းများ