နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုက်ပ်ဇစ်နှင့် မန်စီးတီးအသင်းတို့ သရေရလဒ် ထွက်ပေါ်

ဖေဖော်ဝါရီ   ၂၃

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်  ပထမအကျော့ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်နှင့် မန်စီးတီးအသင်းတို့ ယနေ့နံနက် အစောပိုင်းက ရက်ဒ်ဘူး အရီနာကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီ ဖန်တီးနိုင်ခဲ့သော် လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ကြရသည်။

မန်စီးတီးအသင်းအတွက် အဖွင့် ဂိုးကို ပွဲကစားချိန် ၂၇ မိနစ်တွင် မာရက်ဇ်က သွင်းယူပေးခဲ့သော်လည်း ၇၀ မိနစ်တွင် ဂါဗာဒီရောက ခေါင်း တိုက်ပြီး လိုက်ပ်ဇစ်အသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ သည်။

ထို့ပြင် အင်တာမီလန်အသင်းနှင့် ပေါ်တိုအသင်းတို့ ပွဲစဉ်တွင် အင်တာ မီလန်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်၏ ပွဲကစားချိန် ၇၈ မိနစ်တွင် ပေါ်တိုအသင်း ကစားသမား အော်တာဗီယို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ တစ်ယောက်လျော့နေသည့် ပေါ်တိုအသင်းကို အင်တာမီလန်အသင်း က ဖိအားပေးနိုင်ခဲ့ပြီး အနိုင်ဂိုးကို ပွဲကစားချိန် ၈၆ မိနစ်တွင် လူစားဝင် ကစားသမား လူကာကူက သွင်းယူပေးခဲ့ ခြင်း ဖြစ်သည်။                  

(သူရိန်)






အခြားဆက်စပ်သတင်းများ