ရန်ကုန် ဇွန် ၁၉
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့(ပြည်သူ့ကျန်းမာရေး)မှ ဇွန်လ ၁၇ ရက်နေ့ တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ စက်မှုလုပ်ငန်းများအားစစ်ဆေးခြင်း၊ ဒေါပုံ၊ စမ်းချောင်း၊ မရမ်းကုန်း၊ သာကေတ၊ ပန်းဘဲတန်း၊ အင်းစိန်၊ ဗဟန်းမြို့နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်းလုပ်ငန်းတို့အားဆောင်ရွက်ခဲ့သည်။
မိုးမြင့်မောင်