နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကြီးမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

တောင်ကြီး ဇွန် ၁၈


ဇွန် ၁၆ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၁၂)၊ အေးချမ်းသာအောင်လမ်း၊ အိမ်အမှတ်(၆၈/ ၁၂)နေ အိမ်ပိုင်ရှင် ဦးဖိုးမြင့်၏(၃၀ x ၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် ရေခဲသေတ္တာ Safe Guard အပူလွန် ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း  သတင်းရရှိသဖြင့် တောင်ကြီးခရိုင်/မြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်တို့သည် မီးသတ်ယာဉ် ၉ စီး ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်း သွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် (၃၀ x ၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဦးဖိုးမြင့်အား တောင်ကြီးမြို့၊ အမှတ်(၂)ရဲစခန်း၊ (ပ)၁၀၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


အလားတူ ဇွန် ၁၅ ရက်၊ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအုပ်စု၊ ဖလံအိုကျေးရွာနေ ပိုင်ရှင်ဦးမောင်နိုင်၏ ထန်းလက်မိုး၊ ထန်းလက်ကာ၊  မြေစိုက် လူနေအိမ်တွင် ယာယီသွယ်တန်းထားသော နှစ်ပင်လိမ်ဝါယာကြိုးများ ဟောင်နွမ်းဆွေးမြေ့ ပေါက်ပြဲ ထိမိရာမှ (Short Circuit)ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း ၁၁၅၀ အချိန် သတင်းရရှိသဖြင့် ပခုက္ကူခရိုင် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၆)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

 အဆိုပါမီးလောင်မှုကြောင့် ထန်းလက်မိုး၊ ထန်းလက်ကာ၊ မြေစိုက်လူနေအိမ် (၂)လုံး၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်လူနေအိမ်(၁)လုံး၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်(၁)လုံး၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်(၁)လုံး စုစုပေါင်းလူနေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်ဦးမောင်နိုင်အား ကမ္မနယ်မြေရဲစခန်း(ပ)၄၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


  ဆွေဦး






အခြားဆက်စပ်သတင်းများ