နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငါးလုပ်ငန်းသိပ္ပံ(တွံတေး)အဝင်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဖေဖော်ဝါရီ  ၂၃

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငါးလုပ်ငန်း သိပ္ပံ(တွံတေး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေး လမ်းညွှန်မှာကြားချက် အရ လိုက်နာအကောင်အထည် ဖော် ဆောင်ရွက်ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ ညနေပိုင်းက အဆိုပါ ငါးလုပ်ငန်း သိပ္ပံ(တွံတေး)ကျောင်းသို့ ကွင်း ဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မအူပင်-တွံတေး လမ်းမှ ငါးလုပ်ငန်းသိပ္ပံကျောင်း အဝင်လမ်းအား စက်ယန္တရား ကြီးများဖြင့် မြေသားခင်းခြင်း လုပ်ငန်း စတင်ဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ချောင်းကူး တံတား တည်ဆောက်မည့်နေရာ ကိုလည်းကောင်း၊ လမ်းဖောက် ရာတွင် လမ်းနှင့် မလွတ်ကင်း သည့်သစ်ပင်ချုံနွယ်များ ရှင်းလင်း ဆောင်ရွက်နေမှုနှင့် ချောင်းတို၊ မြောင်းတိုများအား ရေစုပ်ထုတ် ၍ သဲဖို့ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကိုလည်းကောင်း၊ တိုးချဲ့ အဆောက်အဦနှင့် ခန်းမတည် ဆောက်မည့် မြေနေရာတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေး ကြရာ တိုင်းဒေသကြီး ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)ကျောင်းအုပ်ကြီး ဒေါ်မိုး သူဇာမောင်တို့က လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းကို မြန်မာ နိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ ကောလိပ်အဆင့်တစ်ခု ဖြစ်လာ စေရန်အတွက် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင်   လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းသည် လွန်စွာ အရေးကြီးကြောင်း၊ သို့ဖြစ်၍ ငါးသိပ္ပံအဝင်လမ်း အသစ်ဖောက်လုပ်ခြင်း လုပ်ငန်းအပြင် လက်ရှိ လမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ အသုံးပြုလျက်ရှိသော ငါးကန်များကို သပ်သပ်ရပ်ရပ်ရှိစေရန် ပြန်လည်ပြုပြင်၍ ကန် ဘေးစောင်းနေရာမျာတွင် အရိပ်ရပင်နှင့် စားပင် သီးပင်များစိုက်ပျိုးကြရန် မှာကြားခဲ့ကြောင်း သိ ရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ