ဖေဖော်ဝါရီ ၂၂
မန်ယူအသင်းသည် ကွင်းလယ် ကစားသမား တွန်မီနေးအား စတာလင် ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းသည့် အသင်းရှိပါက ရောင်းချရန် အသင့်ရှိ ကြောင်း ထုတ်ပြန်ခဲ့သည်။
တွန်မီနေးသည် ယခုနှစ် ဘောလုံး ရာသီ နည်းပြ တန်ဟက်လက်အောက်၌ အမှတ်ပေးပြိုင်ပွဲ ခုနစ်ပွဲသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး လာမည့်နွေရာသီ၌ ရောင်းချမည့် ကစားသမားစာရင်းတွင် ထည့်သွင်းခံ ထား ရသည်။
တွန်မီနေးနှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသည့် သဘောတူစာချုပ် တွင် ၂၀၂၅ ခုနှစ်ထိ ချုပ်ဆိုထားပြီး သက်တမ်းကုန်ဆုံးပါက တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်သော်လည်း နည်းပြ တန်ဟက်က နွေရာသီ အပြောင်းအရွှေ့တွင် ကစားသမား သစ်များ ထပ်မံခေါ်ယူရန် တွန်မီနေးကို ရောင်းချ၍ အသုံးစရိတ်လျှော့ချရန် စီစဉ်လျက်ရှိသည်။
ထို့ပြင် မန်ယူအသင်း တာဝန်ရှိသူ များကလည်း ဝင်ငွေထွက်ငွေ မျှတမှုကို ထိန်းချုပ်နိုင်ရန် တွန်မီနေးအပြင် မက်ဂွဲယား၊ ဘိုင်လီ၊ တဲလ်လက်စ်၊ ဗန်ဒီဘိခ်နှင့် မာစီယယ်တို့ကို နွေရာသီ အပြောင်းအရွှေ့ကာလတွင် ရောင်းချ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
သူရိန်