ဖေဖော်ဝါရီ ၂၂
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ရီးရဲလ်မက်ဒရစ် အသင်းတို့ ယနေ့ နံနက်အစောပိုင်းက အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူး အသင်းကို ငါးဂိုး၊ နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီ ရရှိခဲ့ကြသော်လည်း အဆုံးသတ်ပိုင်း ပိုမိုကောင်းမွန်ပြီး အမှားအနည်းဆုံး ကစားနိုင်ခဲ့သည့် ရီးရဲလ်မက်ဒရစ် အသင်းက နိုင်ပွဲရယူ နိုင်ခဲ့ကာ နောက်တစ်ဆင့်တက်ရန် လည်း အခြေအနေကောင်းနေသည်။
လီဗာပူးအသင်းအတွက် ဂိုးများ ကို ပွဲကစားချိန် ၄ မိနစ်တွင် ဒါဝင်နူနက်ဇ် နှင့် ၁၄ မိနစ်တွင် ဆာလာတို့က သွင်းယူ ပေးခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်မက် ဒရစ် အသင်းအတွက် အနိုင်ဂိုးများ ကို ပွဲကစားချိန် ၂၁၊ ၃၆ မိနစ်တွင် ဗင်နီစီးယပ်စ်၊ ၄၇ မိနစ်တွင် မီလီတာအို နှင့် ၅၅၊ ၆၇ မိနစ်တွင် ဘန်ဇီမာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ဒုတိယ အကျော့ပွဲစဉ်အဖြစ် ရီးရဲလ် မက်ဒရစ်အသင်းနှင့် လီဗာပူးအသင်း တို့သည် မတ် ၁၆ ရက်တွင် ဘာနေဗျူး ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။
သူရိန်