နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် ဇွန် ၁၈


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၇ ရက်၊ နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကုလားကြီးစုကျေးရွာ၊ ရန်ကုန်ညောင်တုန်းလမ်းမကြီးဘေး၌ အေးမင်းပိုင်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် ဗဟိုစံပြငါးဈေး အတွင်း၌  မင်းဇော်ဇော်အောင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီခွဲအချိန်တွင် (၃)ရပ်ကွက် အတွင်းလမ်းမပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ဇေယျာမျိုးထံမှ အရိုးအသွား(၂၄)လက်မခန့်ရှိ  ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊


မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်တွင် ညောင်ရမ်းလမ်းမပေါ်၌ မျိုးဇော်အောင်ထံမှ အရိုးအသွား(၂၂)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် နံနက် ၉ နာရီ ၁၅ မိနစ် အချိန်တွင် (ည)ရပ်ကွက်၊ သုနန္ဒာလမ်းမပေါ်၌ မျိုးသူလွင်ထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊

ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၇ နာရီခွဲအချိန်တွင် (၁)ရပ်ကွက်၊ ရန်ကင်းလမ်းမပေါ်၌ ထွန်းမင်းအောင်ထံမှ အရိုးအသွား(၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲအချိန်တွင် ကျော်လင်းထူးအေးထံမှ အရိုး အသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီအချိန်တွင် ဝေယံလင်းထံမှ အရိုးအသွား (၂၆)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်း ကိုလည်းကောင်း၊


သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ  ၅၅ မိနစ်အချိန်တွင် ခြောက်လမ်းသွားလမ်းဆုံ၌ တင်အေးထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သနပ်ပင်လမ်းဆုံ၌ ထက်မြတ်လင်းထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်းသိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်းသိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ