နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး မြှင့်တင် ကြိုးပမ်းဆောင်ရွက်

မျက်မှောက်ကာလတွင် လူတို့စားသုံးသည့် အစားအစာများတွင် သန့်ရှင်းလတ်ဆတ်၍ ဓာတုဆေးဝါးကင်းစင်ရန် လိုအပ်ပါသည်။ အစားအသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှု လွန်စွာကောင်းမွန်သော်လည်း ဘေးအန္တရာယ် ရှိ၊ မရှိ သတိထား ဆင်ခြင်ရန်လိုအပ်သည်။

ရှေးဟောင်းစကားရပ်တစ်ခုဖြစ်သည့် "အစာလည်းဆေး၊ ဆေး လည်းအစာ"ဟူသည်ကို ယနေ့ခေတ်တွင် "အစာလည်းဘေး၊ ဘေးလည်းအစာ"ဟု ဆင်ခြင်နားလည်သင့်သည်။ မြန်မာနိုင်ငံတွင် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကြသည်။ ဆန်စပါးနှင့် ဟင်းသီး ဟင်းရွက် အပါအဝင် သစ်ပင်ပန်းမန်များ စိုက်ပျိုးကြရာတွင် စိုက်ပျိုး ပြီဆိုပါက မြေဩဇာကျွေးကြသည်။ သဘာဝမြေဩဇာ ခေါ် ဩဂဲနစ် မြေဩဇာနှင့် ဓာတ်မြေဩဇာများ ထည့်သွင်းကြသည်။ ဓာတုနည်း ဖြင့် ပြုလုပ်ထားသော အသီးကြီးထွားဆေး၊ အပင်သန်ဆေး၊ ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေး၊ အရွက်ဖျန်းဆေးတို့ အသုံးပြုကြသည်။

ဓာတုမြေဩဇာနှင့် ဓာတုပိုးသတ်ဆေးများသည် အပင်၊ အသီး နှင့် အထွက်နှုန်းကို ကောင်းစေသော်လည်း ရေရှည်စားသုံးပါက ကျန်းမာရေးကိုထိခိုက်စေသည်။ ယနေ့ကမ္ဘာတွင် သဘာဝမြေဩဇာ ကို အသုံးပြုလျက် ဩဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးလာကြသည်။ လူသားနှင့် သက်ရှိတို့အတွက် လွန်စွာအကျိုးများသည်။ စိုက်ပျိုးမြေ ကိုလည်း မြေဆီဩဇာကြွယ်ဝစေ၍ မြေဆီလွှာပျက်စီးခြင်း မရှိ တော့ပေ။ 

မြန်မာနိုင်ငံတွင် ဓာတုကင်းလွတ်သော သီးနှံပင်များကိုစိုက်ပျိုး လိုသည့် အဖွဲ့အစည်းများ၊ တောင်သူများအား လိုအပ်သည့်နည်းပညာ မျိုးစေ့နှင့် ယန္တရားများကို ကူညီဖြည့်ဆည်းခြင်းနှင့် ဓာတုကင်းလွတ် သည့် ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံစိုက်ပျိုးလိုသူများကို အားပေးလျက်ရှိသည်။ ပုံမှန်စိုက်ပျိုးသည့် နည်းစနစ်တွင် ခေတ်မီ ဓာတုဗေဒဆေးများ၊ ပိုးသတ်ဆေးများအသုံးပြုကာ စိုက်ပျိုးခြင်း ကြောင့် စားသုံးသူများ ရေစင်ကြယ်စွာ မဆေးကြောပါက ဓာတုဗေဒ ဆေးဝါးများနှင့် ပိုးသတ်ဆေးများ၏အန္တရာယ်ကို ခံစားရနိုင်သည်။

သဘာဝပိုးမွှားကာကွယ်ဆေးများသည် အခြားဓာတုဗေဒဆေး များကဲ့သို့ ဓာတ်ကြွင်းကြာမြင့်ချိန်နည်းပါးပြီး အပင်များ ရေလောင်း ချိန်တွင် ပျက်ပြယ်သည့်အတွက် ဟင်းသီးဟင်းရွက် စားသုံးသူများ အနေဖြင့် ပိုးသတ်ဆေးအန္တရာယ် ကင်းဝေးစေမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် အန္တရာယ်ကင်းသော အစားအစာ များကို စားသုံးနိုင်ရေးနှင့် သဘာဝမြေဩဇာကိုအသုံးပြုသည့် ဩဂဲနစ်နည်းဖြင့် စိုက်ပျိုးရေးကို အရှိန်မြှင့်တင် ကြိုးပမ်းဆောင်ရွက် ရေး တိုက်တွန်းနှိုးဆော်ရပေသည်။     ။







အခြားဆက်စပ်သတင်းများ