နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လသာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး ဆောင်ရွက်

လသာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် စည်ပင်သာယာ ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၂ ဦးဖြင့် အမှတ် ၉ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း  (လမ်းမတော်လမ်းနှင့် ဆေးရုံကြီးကားဝင်ပေါက်အကြား) သန့်ရှင်းသပ်ရပ်စေရေးအတွက်   စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ သဲ၊ ခဲများ လှည်းကျင်း ရှင်းလင်းခြင်း၊ အရိပ်အပင်များ၏အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း  အလင်းဖွင့်ခြင်း၊ ဆေးရုံဝင်ပေါက်ရှိ လွင်ပြာဆန်းစိုက်ခင်း၌အပင်များ ဖြည့်စွက်စိုက်ပျိုးခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ လူသွားစင်္ကြံ ဖြတ်မြောင်း နှာပေါက်များအတွင်းရှိ နုန်းအမှိုက်နှင့် သဲ၊ ခဲများရှင်းလင်းခြင်း၊ ထွက်ရှိ အမှိုက်နှင့် မြောင်းချေးများကို  ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။                                  

ယဉ်မွန်






အခြားဆက်စပ်သတင်းများ