နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဆုံးဖြတ်ချက်နှင့် လမ်းညွှန်ချက်များ တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂

ရန်ကုန် တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့ ၁/၂၀၂၃ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ ၃ ၌ ပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန် တိုင်းဒေသကြီးသည် လူဦးရေ ထူထပ်သည့် စီးပွားရေး မြို့တော်ဖြစ်၍ ကုန်းလမ်း၊  ရေလမ်းကြောင်းများဖြစ်သည့်  ဆိပ်ကမ်းများ၊ အပြည်ပြည်ဆိုင်  ရာ လေကြောင်းလမ်းများနှင့်  အခြားဝင်ထွက်ပေါက်များမှ  တစ်ဆင့် တရားမဝင်ကုန်စည် များ ဝင်ရောက်လာမှုမရှိစေရေး၊ တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး အထူးအဖွဲ့များအနေ ဖြင့် ရှောင်တခင်စစ်ဆေး ဆောင်ရွက်မှုများကို အပတ်စဉ် စီမံချက်များရေးဆွဲ၍ ဆောင် ရွက်သွားရန်၊ မြေပြင်ကွင်းဆင်း  စစ်ဆေးမှုများကို ဆောင်ရွက် ရာတွင် လုံခြုံရေးထိခိုက်မှုမရှိ စေရန်နှင့် သတင်းလုံခြုံမှုရှိစေ ရန်အတွက် ဂရုစိုက်ဆောင်ရွက် သွားရန်နှင့် ဦးဆောင်ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် လမ်းညွှန်ချက်များကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့များ၏ လုပ်ငန်းကိစ္စရပ် များကို ဆွေးနွေးပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသ ကြီး တရားမ၀င် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူး က ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်အဆင့် တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး အထူးအဖွဲ့များနှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ တာဝန် ရှိသူများက မြစ်ကြောင်းလုံခြုံ ရေးနှင့် တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးအတွက် စစ်ဆေး ရှာဖွေဆောင်ရွက်နေမှုများနှင့်  ပတ်သက်၍  ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍  တက်ရောက် လာကြသူများက၊ တိုင်းဒေသ ကြီးအတွင်း တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးလုပ်ငန်းကဏ္ဍ  အလိုက် အထွေထွေဆွေးနွေး ကြသည်။

ယင်းနောက် တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက လုပ်ငန်းများဆောင်  ရွက်ရာတွင် တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးအထူးအဖွဲ့ များအနေဖြင့် ဘက်လိုက်မှုမရှိ ဘဲ အဂတိတရား ကင်းရှင်းစွာဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားကြရန်နှင့် လိုအပ်သည် များကို နိဂုံးချုပ်စကား ပြော ကြားသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ