နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ သုဝဏ္ဏကွင်းနှင့် YUSC ကွင်း၌ စတင်ကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂

၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁ ပြိုင်ပွဲများကို ယမန်နေ့ညနေ ပိုင်းက ရန်ကုန်မြို့ရှိ  သုဝဏ္ဏ ကွင်းနှင့် ရန်ကုန်ယူနိုက်တက်စ် အက်ဖ်စီ (YUSC) ကွင်း၌ စတင် ကျင်းပသည်။

သုဝဏ္ဏကွင်း၌ကျင်းပသည့်  ဒဂုံစတားယူနိုက်တက်နှင့် ဧရာ ဝတီယူနိုက်တက်တို့၏ ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် က တာဝန်ရှိသူများ၊ ဘောလုံး ပရိသတ်များ ကြည့်ရှုအားပေး ကြသည်။

ပြိုင်ပွဲတွင် ဒဂုံစတားယူနိုက် တက်အသင်းက ပထမပိုင်း အပြီးတွင် တစ်ဂိုးအသာဖြင့်  ဦးဆောင်နေရာ ဒုတိယပိုင်းတွင်  ဧရာဝတီအသင်းက လူစား အပြောင်းအလဲသုံးဦးကို တစ် ပြိုင်တည်း လူစားလဲတိုက်စစ် မြှင့်ခဲ့ရာ၊ ချေပဂိုးနှင့် အနိုင်ဂိုးများ  ပြန်လည်သွင်းယူ၍ ပွဲကို ဦဆောင်ခဲ့သော်လည်း ပွဲပြီးဆုံး ရန် မိနစ်အနည်းငယ်အလိုတွင် ဒဂုံစတားအသင်းက ချေပဂိုး ပြန်လည်သွင်းယူခဲ့၍ ပွဲအပြီး တွင် နှစ်ဂိုးစီသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ရန်ကုန်ယူနိုက်တက်စ် အက်ဖ်စီ (YUSC) ကွင်း၌ ကျင်းပ သည့် ရှမ်းယူနိုက်တက်အသင်း နှင့်              

အားကစားနှင့် ကာယပညာ  (သိပ္ပံ) အသင်းတို့ ပွဲစဉ်တွင် ပထမပိုင်း၌ နှစ်သင်းစလုံး ဂိုးရ နိုင်သည့် အခွင့်အရေးများရရှိ သော်လည်း နှစ်ဖက်ကစား  သမားများ အသုံးမချနိုင်သဖြင့် ဂိုးမရှိ သရေကျနေခဲ့၍ ဒုတိယ ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း က ကစားသမားများအပြောင်း အလဲပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့ ရာ နှစ်ဂိုးရရှိခဲ့သည်။ ဂိုးရရှိ ပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက် တက်အသင်းက ပွဲကို ထိန်းချုပ် ကစားခဲ့ရာ ပွဲအပြီးတွင် နှစ်ဂိုး၊  ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သလို ပြီးခဲ့သည့်ရာသီက တစ်ရာသီ လုံး ရှုံးပွဲမရှိခဲ့သည့်စံချိန်ကို ဆက်လက်စွမ်းဆောင်ထားနိုင်  ဆဲဖြစ်ကြောင်း သိရသည်။

ပွဲစဉ် ၁ ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂၂ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရတနာပုံနှင့် ကချင်ယူနိုက်တက်၊ သုဝဏ္ဏကွင်း ၌ မဟာယူနိုက်တက်နှင့် ရခိုင် ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ