နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါတန်ချိန် ၁၅,၀၀၀ လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့တင်ပို့ရန် လျာထား

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂

ယခုနှစ်တွင် ဝါဈေးကောင်း ရရှိလာ၍ ဝါအခြောက်တစ်ပိဿာ လျှင် ငွေကျပ် ၂၉၅၀ မှ ကျပ် ၃၀၀၀ အထိ ပေါက်ဈေးရှိသည်။

ဝါကုန်ကြမ်းကို ပြည်ပနိုင်ငံ များသို့ တင်ပို့မှုမှ လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဝါတန်ချိန် ၁၅,၀၀၀ အထိ ရောင်းချ ရန် စီစဉ်ထားပြီး နိုင်ငံခြားဝင် ငွေ ကန်ဒေါ်လာ ၂၇ ဒသမ ၂၂၅ သန်းရရှိရန် မျှော်မှန်းထား ကြောင်း သိရသည်။

ဖောက်သည် ဈေးကွက် နိုင်ငံများတွင် ဝါတစ်တန်လျှင် ကန်ဒေါ်လာ ၁၈၁၅ ရရှိရန် မျှော်မှန်းထားပြီး လက်ရှိ ပြည်တွင်း ဝါဈေးမှာ ဈေးပိုရရှိနေသည်။

လာမည့် ဘဏ္ဍာနှစ်အတွင်း ဧပြီမှ ဇွန်အထိ ဝါတန်ချိန် ၃၅၀၀၊ ဇူလိုင်မှ စက်တင်ဘာ အထိ ဝါတန်ချိန် ၃၅၀၀၊ အောက်တိုဘာမှ ဒီဇင်ဘာအထိ ဝါတန်ချိန် ၄၀၀၀၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ မတ်အထိ ဝါတန် ချိန် ၄၀၀၀၊ စုစုပေါင်းဝါတန်ချိန် ၁၅,၀၀၀ ကို တင်ပို့ရန်လျာထား ခြင်းဖြစ်သည်။

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် အတွင်း နိုင်ငံတစ်ဝန်း ဝါသီးနှံ ဧက ငါးသိန်း စိုက်ပျိုးသွားမည် ဖြစ်ပြီး စိုက်ဧကအားလုံးအတွက် ချည်မျှင်ရှည်ဝါ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရန် စိုက်ပျိုးရေးဦးစီး ဌာန၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံ ဌာနခွဲက မျိုးစေ့ထုတ်တောင်သူ များနှင့်ပူးပေါင်း၍ အခြေခံမိဘ မျိုးစေ့၊ ဆင့်ပွားမိဘမျိုးစေ့၊ စီးပွား ဖြစ်စိုက်ပျိုးရန် မျိုးစေ့ အဆင့် အလိုက် တိုးချဲ့ထုတ်လုပ်လျက်ရှိ သည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ