နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီး ဝန်ကြီးများသည် ယမန် နေ့ နံနက်ပိုင်းက မရမ်းကုန်း မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကျောက် တန်းမြို့နယ်တို့တွင် လမ်းလုပ် ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့တို့ ပူး ပေါင်းဆောင်ရွက်မည့် မရမ်းကုန်း မြို့နယ်၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာ လမ်းဆုံသည့်နေရာမှ တောင် ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာ လမ်း၊ ပါရမီလမ်းဆုံ ထိုမှ ဆက် လက်၍ ဝေဇယန္တာလမ်းတစ် လျှောက် လမ်းလယ်ကျွန်းများ ဆောင်ရွက်ပြီး လမ်းမီးတိုင်များ စိုက်ထူရန်နှင့် မီးကြိုးများကို မြေအောက် (Under Ground) မှ သွယ်တန်းရန် လုပ်ငန်းခွင် ကြိုတင်စစ်ဆေးနေမှုများကို မြေ ပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းစတင် အကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သန်လျင် မြို့နယ်နှင့် ကျောက်တန်းမြို့နယ် တို့တွင် သန်လျင် - သီလဝါ - ဆိပ်ကမ်းလမ်းကို ပထမအဆင့် လေးလမ်းသွား၊ ထိုမှဆက်လက် ၍ ခြောက်လမ်းသွားအဖြစ် အကောင်အထည်ဖော် ဆောင် ရွက်မည့် လုပ်ငန်းခွင်လမ်းတစ် လျှောက် လိုက်လံကြည့်ရှုစစ်ဆေး ရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော် နှင့် တာဝန်ရှိသူများက လုပ်ငန်း စတင်ဆောင်ရွက်နေမှုနှင့် ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်း များကို ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် က လုပ်ငန်းကဏ္ဍအလိုက် တာဝန် ရှိသူများ၏ ရှင်းလင်းတင်ပြ ချက်များနှင့် စပ်လျဉ်း၍ လမ်း လယ်ကျွန်းများ၊ လမ်းမီးတိုင်များ

စိုက်ထူဆောင်ရွက်ရာတွင် စနစ်တကျ မြေပြင်ကွင်းဆင်းတိုင်းတာ၍ ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း ယာဉ်ကြောကျပ်တည်းမှုမရှိ စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များ မှာကြားသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ