နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာတို့ဂုဏ်ယူလေ့လာစရာ ပုဂံရှေးဟောင်း သုတေသနပြတိုက်ကြီး

ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း ကန်တော့ ပလ္လင်ဘုရား တောင်ဘက်တွင် ဖွင့်လှစ်ထား သည့် ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ အပ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂံရှေး ဟောင်းသုတေသနပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း၊ အာနန္ဒာဘုရားမြောက်ဘက် စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာတွင် ကန်တော့ ပုလ္လင်ဘုရားတောင်ဘက်ရှိ ရှစ်မြှောင့်ပုံ သဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက် ကို ထပ်မံတည်ဆောက်ဖွင့်လှစ်သည်။

ယခုလက်၍ ကမ္ဘာ့အဆင့်မီရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဖွင့်လှစ်သည်။ 

ပြတိုက်ကြီးသည် ၁၀ ဒသမ ၃၉ ဧက ကျယ်ဝန်းပြီး ပုဂံမြို့ဟောင်းအတွင်းတည်ရှိ ကာ အရှေ့မှအနောက် ၃၈၀ ပေနှင့် တောင်မှ မြောက် ၃၆၀ ပေရှိကာ ပြတိုက်ဧရိယာမှာ ၁၃၆၈၀၀ စတုရန်းပေရှိသည် ပြတိုက်ကြီးတွင် အထူးပင်မ ပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံ ခေတ်  လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ ပြခန်း၊ ပုဂံခေတ် စာပေပြခန်း၊ ပုဂံခေတ် လူနေမှု ဘဝပြခန်း၊ ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံ ခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ် ဘုရား၊ ပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ် နံရံ ဆေးရေးပန်းချီပြခန်း စသည့်ပြခန်း ၁၀ခန်း ခင်းကျင်း ပြသထားသည်။

အထူးပင်မ ပြခန်းတွင်  ကြီးမားသော သုံးဘက်မြင် ပုဂံရှုခင်းပုံ နံရံပန်းချီကားချပ်၊ သဲကျောက်ဖြင့် ထုဆစ်ထားသော ဗုဒ္ဓဝင်ရှစ်ခန်း နှင့် ပုဂံခေတ်တွင် ထင်ရှားကျော်ကြားသော မင်းလေးပါးတို့၏ ကြေးရုပ်တုများကိုပြသထား သည်။

အမိုးမျက်နှာကြက်ကို ရွှေဇဝါယွန်း၊ ရွှေ ချည်ထိုး၊ သစ်ကပ်ပန်း၊ သစ်သားပန်းပုနှင့် အင်္ဂ တေပန်းစသည့်မြန်မာ့အနုပညာလက်ရာများ ဖြင့် တန်ဆာဆင်ထားသည်။

ပုဂံခေတ် ဗိသုကာ ပြခန်းတွင် ထူးခြား ကောင်းမွန်သော ဗိသုကာလက်ရာ ဘုရားကိုးဆူ နှင့် အုတ်ကျောင်းတိုက်သုံးခုကို ပြသထားသည်။ ပုဂံနယ်မြေဒေသ၏ ရုပ်ကြွမြေပုံကိုလည်း ပြသ ထားပြီး ထုထည်အကြီးမားဆုံး ဓမ္မရံကြီးဘုရား၊ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရားနှင့် အနုပညာ လက်ရာအကောင်းဆုံး အာနန္ဒာဘုရားတို့ကို ပြသထားသည်။

ပုဂံခေတ် လက်မှုအနုပညာပြခန်းတွင် သစ် သားနဂါးရုံ တံကဲ၊ မြေဆီမီးပဒေသာစဉ့်ထည်၊ ငွေထည်၊ အင်္ဂတေ၊ ကြေးထည်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။

ပုဂံခေတ်မူရင်းအဝတ်ပန်းချီတွင် ၅၅၀ ဇာတ်တော်မှ ဇာတ်နိပါတ် ၉၆ တေလပတ္တဇာတ် တော်ကို သရုပ်ဖော်ထားသည်။

ပုဂံခေတ်နန်းမြို့ပြခန်းတွင် အနော်ရထာ မင်းကြီး၏ နန်းတော်ပုံစံငယ်၊ ပုဂံခေတ်မှ ကုန်း ဘောင်ခေတ်အထိ နန်းတော်များ၏ ပန္နက်ပုံစံများ ကို ရေးဆွဲပြသထားပြီး၊ စစ်လက်နက်ပစ္စည်း ပုံစံငယ်များ၊ ရေနံ့သာကင်းတပ် ပုံစံငယ်၊ ပျူ ၁၉ ရွာပုံစံငယ်တို့ကို ပြသထားကာ ပဉ္စပါသာဒ အဆောင်တွင် သီဟာသနပလ္လင်တော်နှင့် မင်းနှင့် မိဖုရားခေါင်ကြီးတို့ အကန်တော့ခံအဆောင်ကို ခင်းကျင်းပြသထားသည်။

ပုဂံခေတ်စာပေပြခန်းတွင် မြစေတီကျောက်စာ ကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠိဘာသာလေးမျိုးဖြင့် ရေး ထိုးထားပြီး တစ်ဘက်မြင်၊ နှစ်ဘက်မြင်၊ လေး ဘက်မြင်ကျောက်စာများ၊ တမီးလ်၊ ယိုးဒယား၊ ပျူ နှင့် တရုတ်ကျောက်စာများ ခဲပြားစာ၊ စဉ့်ကွင်း စာ၊ အုတ်ခဲစာ၊ ပေစာ၊ ပုရပိုဒ်စာ၊ အုတ်ခွက်စာနှင့် မင်စာများကိုလည်း ပြသထားသည်။

ပုဂံခေတ် လူနေမှုဘဝပြခန်းတွင် ၁၁ ရာစုသီရိ ပစ္စယာ ပုဂံရွာပုံစံငယ် ဆင်ဖြူရှင်ကျောင်းတိုက်၊ ပုဂံခေတ် ယွန်းထည်လုပ်ငန်း၊ လယ်ယာသုံးစ္စည်း များ၊ ထန်းလျက်လုပ်ငန်းနှင့် အနော်ရထာမင်းကြီး ၏ ကင်းတားဆည် တည်ဆောက်ပုံတို့ကို ပြသထား သည်။

ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်းတွင် ရွှေထည်၊ ကြေးထည်၊ ဖန်ထည်၊ စဉ့်ထည်၊ ပဉ္စလောဟာ၊ သဲကျောက်၊ အန္ဓဂူနှင့် သစ်သားတို့ဖြင့် ထုဆစ် ထားသော ဗုဒ္ဓဆင်းတုတော်များ၊ ကြေးသွန်းလက် ရာ အထူးကောင်းမွန်သည့် ကြေးကြာဖူးတွင် ဖွင့်၍ ပိတ်၍ရသော ဖွင့်ဖတ်ရှစ်ချပ်ပါရှိနေသည်ကို ထူးခြားစွာတွေ့ရသည်။

ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်ပြခန်းတွင် သဲကျောက်၊ ကြေး၊ သစ်သား၊ ယွန်း၊ စကျင် ကျောက် တို့ဖြင့် ထုဆစ်ထားသော ခတ်အလိုက် ဗုဒ္ဓဆင်းတု တော်များနှင့် မုဒြာရှစ်မျိုးကိုလည်း ပြသထားသည်။ 

ထို့ပြင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓဆင်းတုတော်များ ကိုလည်း ပြသထားသည်။

ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းတွင် ဘုရားပုထိုးများ၏ ပန္နက်ပုံ၊ ကြေးထည်ပြကွက်၊ မြေထည်ပြကွက်များကို ယာယီပြကွက်အဖြစ် ခင်းကျင်းပြသထားပြီး ရွှေဆင်းတုနှင့် ငွေဆင်းတု တို့ကိုလည်း ပြသထားသည်။

ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းတွင် နံရံ ဆေးပန်းချီ ရှိသောဘုရား ၄၁၆ ဆူအနက် ကူးယူ ထားပြီသည့် ပုဂံခေတ်မှ ညောင်ရမ်းခေတ်အထိ နံရံဆေးရေးပန်းချီလက်ရာများကို ပြသထား သည်။

ပြတိုက်ဝင်ကြေးမှာ နိုင်ငံသား ၅၀၀ ကျပ်၊ နိုင်ငံခြားသား ၅၀၀၀ ကျပ်နှင့် ရဟန်းသံဃာ၊ သီလရှင်၊ ကလေး၊ ကျောင်းသူ၊ကျောင်းသားများ အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။    ။ဒီပါလင်း-လေ့လာတင်ပြသည်






အခြားဆက်စပ်သတင်းများ