ရန်ကုန် ဇွန် ၁၈
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့(ပြည်သူ့ကျန်းမာရေး)မှ ဇွန်လ ၁၆ ရက်နေ့ တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်တံတားမြို့နယ် Sule Square ရှိ Season Bistro၊ ပန်းဘဲတန်းမြို့နယ် Junction City ရှိ Seasons and Coffee နှင့် စမ်းချောင်းမြို့နယ်ရှိစားသောက်ဆိုင်များအားစစ်ဆေးခြင်း ၊ ရွှေပြည်သာမြို့နယ် ၁၀ ရပ်ကွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်းလုပ်ငန်းတို့အားဆောင်ရွက်ခဲ့သည်။
မိုးမြင့်မောင်