ဖေဖော်ဝါရီ ၂၀
အက်စတွန်ဗီလာအသင်းသည် ခံစစ်ပိုင်းတွင် ခြေစွမ်းပြကစားနေသည့် တိုင်ရွန်မင့်ကို နှစ်နှစ် သက်တမ်းတိုး၍ လာမည့် ၂၀၂၆ ခုနှစ်ထိ စာချုပ်ချုပ်ဆိုနိုင် ခဲ့ကြောင်း သိရသည်။
တိုင်ရွန်မင့်သည် ၂၀၁၉ ခုနှစ်က ဘုန်းမောက်အသင်းမှ အက်စတွန် ဗီလာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၁၅၀ ကစားခဲ့ရာတွင် သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့သည့်အပြင် လက်ရှိနည်းပြ အမ်မရီလက်အောက်တွင်လည်း အဓိက အားထားရသည့် ခံစစ်ကစားသမား တစ်ဦးဖြစ်သောကြောင့် အသင်း တာဝန်ရှိသူများက စာချုပ်သက်တမ်း မကုန်ဆုံးမီ ၂ နှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် အက်စတွန်ဗီလာ အသင်းကို စရောက်ကတည်းက အသင်းမှာ ကာလရှည်ကစားနိုင်ဖို့ မျှော်လင့်ထားတာပါ။ လက်ရှိမှာအသင်း အနေနဲ့ ကျွန်တော့်ကို စာချုပ်သစ်ချုပ် ဆိုခဲ့တာကြောင့် အရမ်းကိုပျော်ရွှင် မိပါတယ်။ အသင်းနဲ့အတူ အောင်မြင် မှုတွေ ရရှိအောင် ကြိုးစားသွားမှာပါ”ဟု တိုင်ရွန်မင့်ကပြောသည်။ သူရိန်