နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီအထူးကုဆေးရုံသို့ COVID-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန်   ဇွန်   ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီအထူးကုဆေးရုံကြီးသို့  COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်သည့် ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်းခြင်းကို ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီက We Love North okkalapa အဖွဲ့က သွားရောက်လှူဒါန်းခဲ့သည်။


ထိုသို့လှူဒါန်းရာတွင် ရန်ကုန်မြို့ ပလတ်စတစ်လုပ်ငန်းရှင်များ စုပေါင်းလှူဒါန်းသော ကျန်းမာရေး အထောက် အကူပြုပစ္စည်းများဖြစ်သည့် ပိုးသတ်ဆေး ၂၀ လီတာ ၅ ပုံး၊ Mask အခု ၅၀ ပါ  ၃ ဘူး၊ HandGel ၄၈ ဘူးကို အလှူရှင်ကိုယ်စား We Love Northokkalapa အဖွဲ့က သွားရောက်လှူဒါန်းပေးခြင်းဖြစ်ရာ လှူဒါန်းပစ္စည်းများကို  ဝေဘာဂီအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က လက်ခံရယူခဲ့စဉ်။                                                                                                                   


မြမြဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ