နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ခွင့်ပြုပေးလျက်ရှိပြီး လုပ်ငန်းအခက်အခဲများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂

ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/ ၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ကို ယနေ့ နံနက်ပိုင်းက ရန်ကင်း မြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ် သည်။

အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးများ က တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ထုတ် လုပ်သည့် ပစ္စည်းနမူနာများ ပြသထားရှိမှုကို ကြည့်ရှုလေ့လာ ကြသည်။

ထို့နောက် အစည်းအဝေး ခန်းမတွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကား ပြောကြားရာ လျှပ်စစ်သုံးယာဉ် အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ခြင်း၊ လျှပ်စစ်သုံးယာဉ်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်သွင်း ခြင်း၊ ဘက်ထရီထုတ်လုပ်ခြင်း၊ ဘက်ထရီနှင့် ဆက်စပ်သော ဝန်ဆောင်မှု၊ လျှပ်စစ်သုံးဘတ်စ် ကားများ ပြေးဆွဲခြင်း၊ လျှပ်စစ်သုံးအငှားယာဉ် (Taxi) နှင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင် မှုလုပ်ငန်းများ၊ သိပ္ပံဆိုင်ရာ သုတေသနဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း စီးပွား ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်လည်ပတ်နေပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များကို ခွင့်ပြုပေးရုံသာမကရှိပြီး ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ၏ အခက်အခဲများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းညှိနှိုင်းကူညီ ဖြေရှင်းဆောင်ရွက် ပေးခြင်းအားဖြင့် တိုင်းဒေသကြီး၏ လူမှုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ် သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို အတည်ပြုပေးခဲ့ ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ၉၀၂ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် တင်ပြလာသည့် ကုမ္ပဏီ ၁၁ ခုတို့၏ အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်) လျှပ်စစ်သုံးအငှားယာဉ် (Taxi) နှင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင် မှုလုပ်ငန်းများ၊ သိပ္ပံဆိုင်ရာ သုတေသနဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း စီးပွား ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်လည်ပတ်နေပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များကို ခွင့်ပြုပေးရုံသာမကရှိပြီး ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ၏ အခက်အခဲများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းညှိနှိုင်းကူညီ ဖြေရှင်းဆောင်ရွက် ပေးခြင်းအားဖြင့် တိုင်းဒေသကြီး၏ လူမှုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ် သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို အတည်ပြုပေးခဲ့ ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ၉၀၂ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် တင်ပြလာသည့် ကုမ္ပဏီ ၁၁ ခုတို့၏ အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ