နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြံခင်းမြို့ မြို့မရပ်ကွက် တာကြီးတန်းရှိ မြို့မကမ်းထိန်း ကျောက်စီနံရံကပ်အား ကောင်းမွန်မှုရှိ/မရှိ စစ်ဆေး

ကြံခင်း   ဇွန်   ၁၈


ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် မိုးရာသီရောက်ရှိလာပြီဖြစ်၍ ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြိုကျမှုပျက်စီးမှုလျော့နည်းစေရန် မြို့မရပ်ကွက် တာကြီးတန်းရှိ မြို့မကမ်းထိန်းကျောက်စီ နံရံကပ်အား ၂၀၁၉ ခုနှစ် ဇွန်လတွင် တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် ကမ်းထိန်းကျောက်စီနံရံကပ်များ ကောင်းမွန်မှု ရှိ/မရှိကို ဇွန် ၁၇ ရက် မွန်းလွဲပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး အမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ကြံခင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး မြို့မကမ်းထိန်း ကျောက်စီနံရံကပ်ခိုင်ခံ့ကောင်းမွန်ခြင်း၊ အမှိုက်များစွန့်ပစ်ထားခြင်း ရှိ/မရှိစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိ သူများအား ဆောင်ရွက်ရမည်များမှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ မြို့မကမ်းထိန်းကျောက်စီနံရံကပ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်တည်ဆောက်ခြင်းဖြစ်ပြီး အလျား ၃၅၀ ပေရှိကြောင်း၊ ရေတိုက်စားပြီး မြစ်ကမ်းပြိုကျမှုကာကွယ်နိုင်ရန် ကျောက်စီနံရံကပ်ဖြင့်တည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရသည်။ 


မိုးမိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ