နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဖူလုံရေးအာမခံထားရှိသော အလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေ အကျိုးခံစားခွင့်များ ဒုတိယအကြိမ်ပေးအပ်

ရန်ကုန်   ဇွန်   ၁၈


COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုခံယူရန် ယာယီပိတ်သိမ်းထား ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များ အတွင်းရှိအလုပ်ဌာနများမှ လူမှုဖူလုံရေးမှတ်ပုံတင်ထားသောအာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်ပွဲကို ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၂)တွင် ကျင်းပခဲ့သည်။


ထောက်ပံ့ငွေဒုတိယအကြိမ်ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဦးထွန်းကြိုင်က လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနပေါင်း ၂၉ ဌာနမှ အာမခံ အလုပ်သမား ၁၃၅၄ ဦးအတွက် အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၅၈.၀၃၆,၃၆၇ ဒသမ ၃၄ ကျပ်ကို သက်ဆိုင်ရာအလုပ်ဌာနတို့မှ တာဝန်ခံများထံသို့ပေးအပ်ခဲ့သည်။


သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၂)မှ လူမှုဖူလုံရေးအာမခံထားရှိသော အလုပ်ဌာနစုစုပေါင်း ၄၀ မှ  အလုပ်သမားစုစုပေါင်း ၁၇၀၅ ဦးအတွက် အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၇၈,၃၀၉,၀၀၇ဒသမ ၃၅ ကျပ်ကို သက်ဆိုင်ရာအလုပ်ဌာနတို့မှ တာဝန်ခံများထံသို့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၂)မှဦးစီးအရာရှိ ဒေါ်သီတာထံမှသိရသည်။ လူမှုဖူလုံရေးထောက်ပံ့ငွေများပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19 ကပ်ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်း သိရသည်။                                                             


ရဲမင်းထွန်း (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ