နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားတွင် လာမည့်ရက်ပိုင်းအတွင်း ရွေးကောက်ပွဲ ကျင်းပမည်

အဘူဂျာ ဖေဖော်ဝါရီ ၂၁

နိုင်ဂျီးရီးယားနိုင်ငံတွင် လာမည့် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပ မည်ဖြစ်ရာ သမ္မတ ရွေးကောက်ပွဲ အတွက် ဦးဆောင်ပြိုင်ဘက်များ သည် လူထုထောက်ခံမှုရရန် မဲဆွယ် စည်းရုံးရေးများ အပြိုင်အဆိုင် ပြုလုပ် နေကြောင်း သိရသည်။

 ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးကာလ ကုန်ဆုံးခါနီးတွင် အာဏာရပါတီနှင့် အဓိက အတိုက်အခံ ပါတီတို့သည် နိုင်ငံ၏ အရှေ့မြောက် ဘက်တွင် လူထုစည်းဝေးပွဲများ ပြုလုပ် လျက်ရှိသည်။

ယခုရွေးကောက်ပွဲသည် လူဦးရေ သန်း ၂၁၀ ကျော်ရှိသည့် နိုင်ဂျီးရီးယား နိုင်ငံအတွက် နှစ်ပေါင်းများစွာအတွင်း အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ဆီ ဦးတည်လာနိုင်ကြောင်း လေ့လာသူများ က သုံးသပ်လျက်ရှိသည်။

နိုင်ဂျီးရီးယား နိုင်ငံအတွင်း ပြီးခဲ့ သည့် နှစ်များအတွင်း လူထောင်ချီ သေဆုံးခဲ့ပြီး ပိုမိုဆိုးရွားလာသည့် လုံခြုံရေး အကျပ်အတည်းနှင့် စီးပွားရေး ပြဿနာများကြောင့် ရုန်း ကန်နေရသည့် အနေအထားရှိနေ ကာ နိုင်ငံတောင်ပိုင်းတွင်လည်း ခွဲထွက်ရေးလှုပ်ရှားမှုများ ကြီးထွား လာနေသည့်အတွက် နိုင်ငံသားများ သည် အသွင်ကူးပြောင်း ရေးအစိုးရကို လိုလားနေကြောင်း သိရသည်။

(ref: AP)







အခြားဆက်စပ်သတင်းများ