နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနင်္သာရီမြို့နယ် VDP စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မြိတ်၊ ဖေဖော်ဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ    ကြီးမှူး၍ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း (VDP) ၁၂ ခုကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာ ၁၂ ရွာအနက် ကျေးရွာ ၁၁ ရွာတွင် VDP စီမံကိန်း လုပ်ငန်း ၁၁ ခုကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၁၂ ရွာတွင် ယခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ၆ ခု၊ မြေသား လမ်းခင်းခြင်းလုပ်ငန်း  ၂  ခု၊ ကျေးရွာ  ရေပေးရေးလုပ်ငန်း ၃ ခုနှင့်   ကျေးရွာသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ၁၂ ခုကို  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း   စီမံကိန်းများ ဆောင်ရွက်ရာတွင် ကျေးရွာ တစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေကျပ် ၁၀ သန်း နှုန်းဖြင့် ကျေးရွာ ၁၂ ရွာအတွက် စုစုပေါင်းရန်ပုံငွေကျပ်သန်း ၁၂၀ နှင့် ပြည်သူ့ထည့်ဝင်ငွေကျပ် ၁၈ ဒသမ ၇၉ သန်းတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျေးရွာ ၁၂ ရွာ အနက် ကျေးရွာ ၁၁ ရွာတွင် VDP စီမံကိန်းလုပ်ငန်း ၁၁ ခုကို ရာနှုန်း ပြည့်   ဆောင်ရွက်ပြီးစီးပြီဖြစ် ကာ ကျန်ကျေးရွာ တစ်ရွာတွင် ဆောင်ရွက်နေသော ကျေးရွာသုံး ခန်းမ တည်ဆောက်ခြင်းလုပ်ငန်း မှာလည်း ယခုအခါ ၈၀ ရာခိုင်နှုန်း  ခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ထို ကျေးရွာ ၁၂ ရွာတွင် ယခုဘဏ္ဍာ ရေးနှစ်အတွင်း ဖော်ဆောင်သော ကျေးရွာ   ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက စုစုပေါင်း အိမ်ခြေ ၂၈၃၅ လုံးနှင့် လူဦးရေ ၁၄၆၆၁ ဦးတို့ကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

  ဆောင်းဦး






အခြားဆက်စပ်သတင်းများ