ဖေဖော်ဝါရီ ၂၁
ဘာစီလိုနာအသင်းတွင် ပုံမှန်ပွဲ ထွက်ခွင့်မရရှိဘဲ ရုန်းကန်နေရသည့် လူငယ်ကစားသမား ဖာတီကို လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် အသင်းများဖြစ်သည့် အာဆင် နယ်၊ မန်ယူနှင့် လီဗာပူးအသင်းတို့က အပြိုင်ခေါ်ယူရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
အသက် ၂၀ နှစ်အရွယ်ရှိ ဖာတီသည် ၂၀၁၉ ခုနှစ်က ဘာစီလိုနာအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ ပြီးနောက် ထိပ်တန်းအဆင့်ရှိ ခြေစွမ်း ပြသနိုင်ခဲ့သော်လည်း ဒူးဒဏ်ရာကြောင့် တစ်ရာသီခန့်ထိ အနားယူခဲ့ရပြီး နောက်ပိုင်းတွင် ပွဲထွက်ခွင့်မရရှိခဲ့ဘဲ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင် ခွင့်ရရှိနေခြင်းဖြစ်သည်။
လက်ရှိတွင် ဖာတီနှင့် ဘာစီလိုနာ အသင်းတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၉ ခုနှစ်ထိ ကျန်ရှိသော်လည်း ကစားသမားကိုယ်တိုင်က ပွဲထွက်ခွင့် မရရှိသည့်အတွက် အသင်းမှ ထွက်ခွာ လိုနေခြင်းဖြစ်ပြီး ဘာစီလိုနာအသင်း ကလည်း ဘဏ္ဍာရေးအကျပ်အတည်း များကို ဖြေရှင်းရန် ဖာတီအား ထိုက်သင့် သည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်း မည်ဆိုပါက လက်ခံသွားဖွယ်ရှိနေသည်။
သူရိန်