ဖေဖော်ဝါရီ ၂၁
အာဆင်နယ်အသင်းသည် ဇန်နဝါရီ ၁၀ ရက်က ကစားခဲ့သည့် အောက်ဖို့ဒ် အသင်းနှင့် အက်ဖ်အေဖလား ပွဲစဉ်တွင် ကစားသမားများက ကွင်းလယ်ဒိုင် ကိုအိုတီကို စောဒကတက်မှုများ ပြုလုပ်ခဲ့သောကြောင့် စွဲချက်တင်ခံခဲ့ ရပြီး အယူခံတင်သွင်းခဲ့သော်လည်း ရှုံးနိမ့်ခဲ့ခြင်းကြောင့် ထပ်တိုးပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
အဆိုပါ ပွဲစဉ်တွင် အာဆင်နယ် အသင်း ကစားသမားများက ကွင်းလယ် ဒိုင်၏ ဆုံးဖြတ်ချက်ကို လက်မခံဘဲ ပင်နယ်တီခွင့်ပြုပေးရန် တောင်းဆိုရာ တွင် ဒိုင်လူကြီးကို ဖိအားပေးမှုများ ရှိခဲ့သောကြောင့် အက်ဖ်အေကစွဲချက် တင်၍ အရေးယူစစ်ဆေးခဲ့ရာ၌ အခြား ကလပ်အသင်းများ၏ ဖြစ်စဉ်နှင့် ယှဉ်ကာ သာဓကပြုအဆိုတင်သွင်းခဲ့ သော်လည်း အကြောင်းပြချက် ခိုင်လုံမှု မရှိသောကြောင့် ထပ်တိုးပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ် အေ) အနေဖြင့် မူလက ကစားသမား များကို ကြီးကြပ်မှုအားနည်းခဲ့သည့် အာဆင်နယ် အသင်းကို စတာလင် ပေါင် ၂၀၀၀၀ ပြစ်ဒဏ်သာ ချမှတ်ခဲ့သော် လည်း အယူခံရှုံးနိမ့်ခဲ့သောကြောင့် စတာလင်ပေါင် ၆၀၀၀၀ ထိ ထပ်တိုး ပြစ်ဒဏ် ချမှတ်ခဲ့သည်။
သူရိန်