နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးခရိုင်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင် ၄၈၅၉၂ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်း

မန္တလေး ဧပြီ ၅ အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ရဟန်းတော်များ၊ ဆွမ်း၊ ခဲဖွယ်ဘောစဉ်တို့အတွက် အခက်အခဲမဖြစ်စေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မန္တလေးခရိုင် အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင် ၄၈၅၉၂ ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ် လှူဒါန်းပွဲကို ဧပြီ ၄ ရက်၊ နေ့လယ် ၃ နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် တက်ရောက်လာသောဆရာတော်ကြီးများ၊ ဧည့်သည်များက နမောတဿသုံးကြိမ် ရွတ်ဆိုပြီး မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဓမ္မသမိဒိကျောင်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်သည်။ ထို့နောက် ဆရာတော်သံဃာတော်များကချီးမြှင့်သည့် ပရိတ်တရားတော်များကို ရိုသေစွာ နာယူကြည်ညိုပြီး ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်၊ မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆက်ကပ်လှူဒါန်းပြီး မစိုးရိမ်တိုက်သစ်ဓမ္မသမိဒိကျောင်းဆရာတော်ထံမှ အနုမောဒနာ ရေစက်ချတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေသည်။ ဆက်ကပ်လှူဒါန်းသည့် မန္တလေးခရိုင်အတွင်း ဝါဆိုရဟန်း၊ သာမဏေနှင့်သီလရှင်များအား ဆန်၊ ဆီ၊ ပဲလှူဒါန်းမှုတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၁၃၀,၃၆၈,၀ဝ၀ တန်ဖိုးရှိ ဆန်အိတ် ၄၀၇၄ အိတ်၊ ငွေကျပ် ၇၇,၇၄၇,၂၀ဝ တန်ဖိုးရှိ ကုလားပဲ ၄၈၅၉၂ ပိဿာ၊ အမရပူရမြို့ပြစီမံကိန်း MBCCD ကုမ္ပဏီက ငွေကျပ် ၅၆,၇၂၇,၆၀ဝ တန်ဖိုးရှိ ဆီ ၂၄၂၉၆ ပိဿာနှင့် ဆီပုံးခွံ၊ ဆား ၆၀၇၄ ပိဿာ၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ငွေကျပ် ၉၂,၀ဝ၀,ဝ၀ဝ တန်ဖိုးရှိ ဆန် ၂၀ဝ၀ အိတ်လှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းမှုမှာ ငွေကျပ် ၃၅၆,၈၄၂,၈၀ဝ ဖိုးဖြစ်ကြောင်း သိရသည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ